top of page
Search

"မိမိကိုယ်ကို ပြန်လည်စားသုံးခြင်း" "Self Eating သို့မဟုတ် Autophagy" "Spiritual Fasting Ritual"



Ouroboro Symbol နဲ့ ချိတ်ဆက်မိချိန်မှာ Transformation တခုရှိမှန်းသိခဲ့တယ်

ရလာတဲ့ Message က မိမိကိုယ်ကို ပြန်လည်စားသုံးခြင်း "Autophagy" တဲ့။


ဆိုတော့ကာ Autophagy ဆိုတာ ဘာပါလဲ?


Autophagy ဆိုတာ ခန္ဓာကိုယ်ရဲ့ဆဲလ်အဟောင်းတွေကို ဖယ်ရှားသန့်ရှင်းရေးလုပ်ခြင်းဖြစ်စဉ်တခုပါ။

ဆဲလ်အတွင်းထဲရှိ Lysosome ကပဲ Cell အဟောင်းတွေကို စားသုံးလိုက်တာမို့ မိမိကိုယ်ကိုယ်စားသုံးခြင်း Autophagy လို့ တင်စားခေါ်ဝေါ်ခဲ့တာပါ။

ပြီးရင်တော့ Cell အသစ်တဖန်ဖြစ်ပေါ်စေတာမို့ အသစ်ပြန်လည်မွေးဖွားခြင်းလို့တင်စားလို့လည်းရတာပေါ့။


Autophagy ရဲ့ သမိုင်းကြောင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး သိပ္ပံပညာရှင်တွေရဲ့ ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုတွေကြောင့် ဒီနေ့ခေတ်မှာ လူသိများလာတာ ဖြစ်ပါတယ်။


Autophagy ဖြစ်စဉ်ဆိုတာ ဆဲလ်ထဲရှိ ပျက်စီးနေသော ပရိုတင်း သို့မဟုတ် ဆဲလ်အစိတ်အပိုင်းများကို Cell ထဲမှာတင်ပဲ ချေဖျက်စားသုံးခြင်းဖြစ်ပေါ်ပြီး ထွက်လာသော Amino Acids နှင့် စွမ်းအင်များကို ဆဲလ်က ပြန်လည်အသုံးပြုခြင်း ဖြစ်ပါတယ်။

အိုမင်းပျက်စီးနေတဲ့ မကောင်းတဲ့ Cell နေရာမှာ နုပျိုသော Cell များ အစားထိုးပေးလိုက်တာမျိုးပေါ့


၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များ မှာ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် Christian de Duve က ဆဲလ်သူအတွင်း အစာခြေဖျက်ပေးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ Lysosome ကို စတင်တွေ့ရှိခဲ့ပါတယ်။

သူကပဲ "Autophagy" ဆိုတဲ့ စကားလုံးကို စတင်သုံးနှုန်းခဲ့တယ်။

ဂရိဘာသာစကား Auto (ကိုယ်တိုင်) နှင့် Phagy (စားသုံးခြင်း) ကို ပေါင်းစပ်ထားတာဖြစ်ပြီး "မိမိကိုယ်ကို ပြန်လည်စားသုံးခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။

သူဟာ ဒီရှာဖွေတွေ့ရှိမှုအတွက် ၁၉၇၄ ခုနှစ်မှာ နိုဘယ်လ်ဆု ရရှိခဲ့တယ်။


နောက်ထပ် Autophagy သမိုင်းမှာ အရေးအကြီးဆုံး အချိုးအကွေ့ ဖြစ်ခဲ့တာက ၁၉၉၀ ခုနှစ်များမှာဖြစ်တယ်။

ဂျပန်သိပ္ပံပညာရှင် Yoshinori Ohsumi က Autophagy ဖြစ်စဉ်ကို ထိန်းချုပ်ပေးတဲ့ ATG (Autophagy-related genes) မျိုးဗီဇတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒီမျိုးဗီဇတွေက ဆဲလ်ထဲက အမှိုက်တွေကို ဘယ်လိုထုပ်ပိုးပြီး ဘယ်လိုဖျက်ဆီးရမလဲဆိုတာကို ညွှန်ကြားပေးတာ ဖြစ်တယ်။

Yoshinori Ohsumi ဟာ Autophagy ရဲ့ လုပ်ဆောင်ပုံ ယန္တရားတွေကို တိတိကျကျ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု (Nobel Prize in Physiology or Medicine) ကို ချီးမြှင့်ခံခဲ့ရပါတယ်။

သူ ဒီဆုရရှိပြီးနောက်ပိုင်းမှာ ကမ္ဘာတစ်ဝှမ်းက လူတွေဟာ Autophagy ရဲ့ အရေးပါပုံရယ်၊ သူနဲ့ ဆက်စပ်နေတဲ့ အစာရှောင်ခြင်း (Fasting) ဆိုတာရယ် ကို ပိုမိုစိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။


Autophagy ကို Intermittent Fasting ဆိုတဲ့ အနည်းဆုံး ၁၆ နာရီကြာ အချိန်အပိုင်းအခြားဖြင့်အစာရှောင်ခြင်းက အဓိကဖြစ်ပေါ်စေပြီး

အထောက်အကူပြုတဲ့ နည်းလမ်းများကတော့

⁃ သတိကပ်လှုပ်ရှားခြင်းများဖြစ်တဲ့ ယောဂကျင့်ခြင်း၊ Qigong ကျင့်ခြင်း စတာတွေ

⁃ အိပ်ချိန်မျှတစွာဖြင့် စောစောအိပ်ခြင်း

⁃ ကာဗိုဟိုက်ဒရိတ် ကစီဓာတ်လျော့စားခြင်း

⁃ Mindfulness & Breathwork သတိကပ်ခြင်း နှင့် အသက်ရှူလေ့ကျင်ခန်းများဖြင့် စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ကို လျှော့ချခြင်း စသည်တို့ဖြစ်တယ်


အစာရှောင်ချိန် အချိန်ကာလအလိုက် ဖြစ်ပေါ်မှုများ


၀ - ၁၂ နာရီ - အစာခြေဖျက်ခြင်းအဆင့်။ Autophagy မဖြစ်သေးပါ။

ကိုယ်တွင်းအင်ဆူလင်ဓာတ် ဖြင့် ဂလူးကို့စ်ကို အသုံးပြုပြီးအင်အားရယူနေဆဲ ဖြစ်ပါတယ်။

၁၂ - ၁၆ နာရီ - Autophagy အပျော့စား စတင်ပါတယ်။ ခန္ဓာကိုယ်က အဆီနဲ့ Ketones တွေကို စတင်အသုံးပြုခြေဖျက်ပါတယ်။

၁၈ - ၂၄ နာရီ - Autophagy ကောင်းစွာဖြစ်ပေါ်ပါတယ်။ ဆဲလ်အသေအဟောင်းများကို သန့်ရှင်းရေးလုပ်မှု မြင့်တက်လာပါတယ်။

၂၄ - ၄၈ နာရီ - Autophagy အပြင်းအထန် ဖြစ်ပေါ်ပါတယ်။ ပျက်စီးနေတဲ့ ပရိုတင်းနဲ့ ဆဲလ်အစိတ်အပိုင်းတွေကို ပြန်လည်အသုံးပြု (Recycle) လုပ်ပါတယ်။

၄၈ - ၇၂ နာရီ (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ) - Autophagy အမြင့်ဆုံးဖြစ်ပြီး Stem Cell အသစ်ဖြစ်ပေါ်မှု ဖြစ်လာပါတယ်။ (၃လ တခါခန့်မှသာ လုပ်သင့်တယ်)


ယခုအခါမှာတော့ Autophagy ဟာ အောက်ပါကိစ္စရပ်တွေရဲ့ အဓိက သော့ချက်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ် -


ဦးနှောက်နှင့် အာရုံကြော

* ဦးနှောက်အတွင်းရှိ ပျက်စီးနေသော ပရိုတင်းများကို ရှင်းလင်းပေးခြင်း

* အာရုံကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း။

* အစာရှောင်နေစဉ် စိတ်ကြည်လင်မှုကို ပိုမိုရရှိလာခြင်း။


ဇီဝကမ္မနှင့် ရုပ်ပိုင်းဆိုင်ရာ

* အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေခြင်း။

* အဆီကျစေရန်နှင့် ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေရန် ထောက်ပံ့ပေးခြင်း။

* အသက်ရှည်နုပျိုခြင်း (Longevity) ဆဲလ်အဟောင်းတွေကို ဖယ်ရှားပြီး ဆဲလ်သစ်တွေ ဖြစ်ပေါ်စေတဲ့အတွက် အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း။

* ရောင်ရမ်းမှုများကို လျှော့ချပေးခြင်း။

* ကိုယ်ခံအားစနစ် အသစ်ဖြစ်ပေါ်မှုကို ကူညီပေးခြင်း။

* ဆဲလ်တွေ ပုံပြောင်းလို့ အိုမင်းလို့ဖြစ်ပေါ်တတ်သော ကင်ဆာ၊ ပါကင်န်ဆန် (Parkinson's) နဲ့ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါတွေကို ကာကွယ်နိုင်ခြင်း။


စိတ်ဝိညာဉ်ဆိုင်ရာ

* အစာရှောင်စဉ် ဉာဏ်ပိုပွင့်လန်းခြင်း

* ပေါ့ပါးသောခံစားချက်၊ ကြည်လင်မှု၊ အတွင်းဆိတ်ငြိမ်မှု ရရှိခြင်း

* ခန္ဓာကိုယ်ရဲ့ စွမ်းအင်အသုံးပြုမှုကို ပိုမိုကောင်းမွန်စေခြင်း


Autophagy ကို ခန္ဓာကိုယ်ကို အသစ်ပြန်ဖြစ်စေတဲ့ (Regenerative) အဆင့်မြင့် စနစ်တစ်ခုအဖြစ် အသိအမှတ်ပြုထားတယ်။


Autophagy ဟာ ခုထိ လေ့လာနေဆဲ ဖြစ်စဉ်တခုပေမယ့် ကိုယ်တကယ်လက်တွေ့လုပ်ကြည့်ရင်တော့ တကယ်ထူးနေတာပါပဲ


Autophagy က ပေးတဲ့ Message ကလည်း Spiritual ဆန်ဆန်ပါပဲ


"Healing is not adding more—

it is allowing what is already wise to work."


"ပြုပြင်ခြင်း ကုစားခြင်းဆိုတာ အသစ်တွေထပ်ဖြည့်နေတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာရှိပြီးသား အရာတွေကို အလုပ်လုပ်ခွင့်ပေးလိုက်ဖို့ပဲ" ဖြစ်တယ် တဲ့။


Autophagy ဖြစ်ဖို့ ဘယ်လိုအစာရှောင်ရမလဲဆိုတဲ့ Intermittent Fasting (IF) အကြောင်းသိပြီးပြီဆိုရင် IFရကြောင့် ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကိုလည်း သိထားဖို့လိုပါတယ်။


🚫 အစာရှောင်ခြင်း (IF) ကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ


ယာယီခဏဘေးထွက်ဆိုးကျိုး

* ဗိုက်ဆာခြင်း၊ မောပန်းခြင်း သို့မဟုတ် ခေါင်းမူးခြင်း။

* ခေါင်းကိုက်ခြင်း။

* အေးခြင်းကို ပိုခံစားရခြင်း။

* အသက်ရှူရာတွင် အနံ့ထွက်ခြင်း (Ketones ဓာတ်ပြိုကွဲသောကြောင့်)။


ကာလရှည်ဘေးထွက်ဆိုးကျိုး

* ဓာတ်ဆားဓာတ် မမျှတခြင်း။

* သွေးဖိအားကျခြင်း။

* ဟော်မုန်းဖောက်ပြန်ခြင်း (အထူးသဖြင့် အမျိုးသမီးများတွင်)။

* ကြွက်သားများ ဆုံးရှုံးခြင်း။


🚫 မပြုလုပ်သင့်သူများ

* ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ။

* အစာစားခြင်းဆိုင်ရာ ရောဂါအခံရှိသူများ (Eating Disorder)။

* ဆေးသောက်နေရသော ဆီးချိုရောဂါရှိသူများ။

* နာတာရှည်ရောဂါ ရှိသူများ။

* အသက်အရွယ် (Age) အရ မသင့်တော်သူများ - ကလေးများနှင့် လူငယ်များ (အသက် ၁၈ နှစ်အောက်): ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ အာဟာရ အဆက်မပြတ် လိုအပ်နေတဲ့အချိန် ဖြစ်လို့ IF လုပ်ခြင်းက ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။

* သက်ကြီးရွယ်အိုများ (အသက် ၆၅ နှစ်အထက်): အသက်ကြီးလာတာနဲ့အမျှ ကြွက်သားဆုံးရှုံးမှု (Sarcopenia) ဖြစ်လွယ်ပါတယ်။ အစာရှောင်လိုက်တဲ့အခါ ကြွက်သားထု ပိုလျော့သွားပြီး အားနည်းတာ၊ အရိုးပွတာတွေ ဖြစ်နိုင်ပါတယ်။

* BMI အရ မသင့်တော်သူများ - BMI နည်းလွန်းသူများ (Underweight - BMI < 18.5): သင့်မှာ လုံလောက်တဲ့ စုဆောင်းထားသောအဆီ (Fat storage) မရှိတဲ့အတွက် အစာရှောင်လိုက်ရင် ခန္ဓာကိုယ်က အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေကို စတင်လောင်ကျွမ်းစေပြီး ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

* ကိုယ်အလေးချိန် ရုတ်တရက်ကျထားသူများ - မကြာသေးခင်ကမှ ကိုယ်အလေးချိန် အများကြီး ရုတ်တရက် ကျသွားတာမျိုး ရှိရင်လည်း IF မလုပ်သင့်သေးပါဘူး။


IF မလုပ်ဘဲနဲ့ရော Autophagy (ဆဲလ်သန့်စင်မှု) ဖြစ်အောင် ဘယ်လိုလုပ်မလဲ?


အစာမရှောင်ဘဲနဲ့လည်း သင့်ဆဲလ်တွေကို ကျန်းမာသန့်စင်အောင် လုပ်လို့ရတဲ့ အခြားနည်းလမ်းများရှိပါတယ်။

* လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ - အစာရှောင်တာ မဟုတ်ဘဲ ချွေးထွက်အောင် လှုပ်ရှားတာဟာ Autophagy ကို ဖြစ်စေတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ အထူးသဖြင့် လမ်းသွက်သွက်လျှောက်တာမျိုး ဖြစ်ပါတယ်။

* ကောင်းစွာအိပ်စက်ခြင်း - ကျွန်ုပ်တို့ အိပ်ပျော်နေချိန်မှာ ဦးနှောက်က သူ့ဘာသာသူ သန့်ရှင်းရေးလုပ်တဲ့ "Glymphatic system" အလုပ်လုပ်ပါတယ်။ ည ၁၀ နာရီ၊ ၁၀နာရီခွဲလောက်မှာ အိပ်တာဟာ အကောင်းဆုံးပါ။

* အာဟာရ ပြည့်ဝအောင်စားပါ - အသင့်စား အစားအစာတွေ (Processed foods) ကို ရှောင်ပြီး သဘာဝအစားအစာ တွေကို အာဟာရမျှတအောင် စားပေးပါ။

* စိတ်ဖိစီးမှု လျှော့ချပါ - တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာတွေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ပြုပြင်တဲ့ စနစ်ကို ပိုကောင်းစေပါတယ်။

* Poly-phenols ကြွယ်ဝတာတွေ စားပေးပါ - လက်ဖက်စိမ်း (Green tea)၊ နနွင်း၊ နဲ့ အနက်ရောင် ချောကလက် (Dark chocolate) စတာတွေဟာ ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို အားပေးပါတယ်။


IF နှင့်အတူ နုပျိုစေသောလေ့အကျင့်များ ⏰


အစာရှောင်ခြင်း (IF) လုပ်ရန် သင့်တော်သူများကတော့ IF လုပ်နေရင်းနဲ့ Autophagy ဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေပြီး "နုပျိုခြင်း" ရလဒ်ကို အမြန်ဆုံးရရှိစေမယ့် အချက်တွေလည်းရှိပါတယ်။


၁။ 16:8 ထက်စာရင် 18:6 သို့မဟုတ် 20:4 ကို တစ်ခါတလေ ပြောင်းလုပ်ပါ

Autophagy ဟာ အစာရှောင်ပြီး (၁၆) နာရီ နောက်ပိုင်းမှာ ပိုမို ထိရောက်လာတတ်ပါတယ်။

* အကြံပြုချက်: နေ့တိုင်း မဟုတ်တောင် တစ်ပတ်မှာ (၂) ရက်လောက်ကို (၁၈) နာရီ အစာရှောင်ပြီး (၆) နာရီအတွင်းပဲ အစာစားကြည့်ပါ။ ဒါက ဆဲလ်ထဲက အညစ်အကြေးတွေကို ပိုသန့်စင်ပေးနိုင်ပါတယ်။


၂။ "Autophagy ရပ်တန့်သွားခြင်း" ကို သတိထားပါ။

အစာစားခွင့်ရှိချိန်မှာ အစာစားတဲ့အခါ မှာ သကြား (Sugar) နဲ့ ဂျုံဖြူ (Refined Carbs) တွေကို အများကြီး ရုတ်တရက် စားလိုက်ရင် Autophagy ရပ်သွားရုံတင်မကဘဲ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု (Inflammation) ဖြစ်ပြီး အိုမင်းရင့်ရော်မှုကို အားပေးသလို ဖြစ်တတ်ပါတယ်။

* အကြံပြုချက် - အဆီဓာတ်၊ ပရိုတင်း နဲ့ အသီးအရွက် (အမျှင်ဓာတ်) ကို ဦးစားပေးစားပါ။ ဆန် ဂျုံ စတဲ့ ကစီဓာတ်ကို နည်းအောင်စားပါ။ Carb အနုအဖြူတွေ (အချို၊ ဆန်ချော) ရှောင်ပါ။ Processed Food ကြာရှည်ခံအောင်သဘာဝတိုင်းမဟုတ်ဘဲပြုပြင်ထားသောအစာများ၊ အသင့်စားအစာများကို ရှောင်ပါ။


၃။ အစာရှောင်နေစဉ် လေ့ကျင့်ခန်းလုပ်ပါ (Fasted Exercise)

လမ်းလျှောက်တာ ဒါမှမဟုတ် အပေါ့စား လေ့ကျင့်ခန်း လုပ်တာဟာ Autophagy ဖြစ်ဖို့ အမြန်ဆုံး နည်းလမ်းပါ။


🧿 ဝိညာဉ်ရေးရာရှုထောင့်မှ Autophagy (ဆဲလ်သန့်စင်ခြင်း)

Spiritual Transformation (စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှု)


Intermitted Fasting ကို ဟိုးအရင်ထဲကသိနေခဲ့ပေမယ့် Spiritual Transformation အတွက် အဟောင်းတွေကို ဖယ်ရှားတဲ့ Ritual တခုဖြစ်နေမယ်လို့ မတွေးမိခဲ့ဘူး။


Spiritual ရှုထောင့်နေကြည့်ရင်လည်း Autophagy ဟာ အရမ်းကို နက်နဲပြီး အနှစ်သာရရှိပါတယ်။

ဒါဟာ ရုပ်ပိုင်းဆိုင်ရာ သန့်စင်မှုသက်သက်မဟုတ်ဘဲ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှု (Transformation) တစ်ခုပါ ဖြစ်လာတယ်။


Autophagy ဆိုတာဟာ ဝိညာဉ်ရေးရာ Spiritual အယူအဆအရ သဘာဝအလျောက် Healing ဖြစ်ပေါ်စေခြင်း သဘာဝအတိုင်းသန့်စင်စေခြင်းပါပဲ။

ခန္ဓာကိုယ်ထဲမှာ အမြစ်တွယ်နေတဲ့ အညစ်အကြေးတွေသာမက စိတ်ဝိညာဉ်မှာအမြစ်တွယ်နေတဲ့ အယူအဆဟောင်းတွေ၊ မဖြေရှင်းရသေးတဲ့ စိတ်ခံစားချက်တွေနဲ့ ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားမိတဲ့ စိတ်ဒဏ်ရာ (Trauma) တွေကိုပါ စွန့်ထုတ်ခြင်းလို့ ယူဆပါတယ်။


Cellular Level ဆဲလ်အတွင်းပိုင်းထိ ကုစားပြုပြင်ပေးခြင်း အသစ်ဖြစ်စေခြင်းဟာ ခန္ဓာကိုယ်ပေါ်မှာသာမက စိတ်ဝိညာဉ်အထိ သက်ရောက်စေပါတယ်။


Autophagy is the body’s natural purification ritual—

cleaning, renewing, and restoring balance at the cellular level.


အစာရှောင်ခြင်းက "အတ္တ" Ego ကို ပျော့ပြောင်းသွားစေပြီး "သတိတရား" ကို ပိုမိုနက်ရှိုင်းစေပါတယ်။

အရာရာကို ဖိနှိပ်ထားမယ့်အစား သည်းခံစိတ်ရှည်ခြင်းဖြင့် လက်ခံနိုင်စွမ်းတွေ မြင့်တက်လာမယ်။

"ဆဲလ်တွေက အညစ်အကြေးကို စွန့်ထုတ်သလိုပဲ၊ စိတ်ကလည်း အစွဲအလမ်းတွေကို စွန့်လွှတ်တတ်လာပါတယ်။"


အတင်းအဓမ္မ မကြိုးစားဘဲ ဇောမကပ်ဘဲ သဘာဝအတိုင်း နေထိုင်တတ်လာတယ်။

မိမိကိုယ်ကိုယ် အသစ်တဖန် မွေးဖွားခြင်းဖြစ်စေတယ်


အစာရှောင်ခြင်းဟာ ခန္ဓာကိုယ်ကို ခဏတိတ်ဆိတ်စေပြီး ဝိညာဉ်ကို စကားပြောခွင့်ပေးတဲ့ နည်းလမ်းတစ်ခုပါ။


အစာရှောင်ခြင်းကို "သတိတရား" နဲ့ တွဲဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်ဟာ လှုပ်ရှားနေတဲ့အခြေအနေ (Sympathetic) ကနေ ပြုပြင်ကုသရေးအခြေအနေ (Parasympathetic) ထဲကို ကူးပြောင်းသွားပါတယ်။

မိမိရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ပြောင်းလဲ ခံစားမှုတွေကို ပိုမိုသိရှိလာစေပါတယ်။

အင်ဆူလင် လျော့ကျခြင်းက စိတ်ထဲက အတွေးများခြင်း (Mental chatter) ကို ငြိမ်သက်စေတယ်။

Ketones တက်လာခြင်းက သိမြင်မှုစွမ်းအားကို ပိုမိုကြည်လင်စေပါတယ်။


ဖြစ်ပေါ်လာနိုင်တဲ့ တိုးတက်သော Spiritual အခြေအနေတွေကတော့

* အတိတ်က မှတ်ဉာဏ်များ ပေါ်လာခြင်း။

* ခန္ဓာကိုယ်နဲ့ Energy စက်ဝန်း (Aura) ကို သန့်စင်စေခြင်း

* ကြိုသိစိတ် (Intuition) ကို အားကောင်းစေပြီး အိပ်မက်နိမိတ်တွေ မှန်ကန်စေခြင်း

* ဝိညာဉ်ရေးရာ အစောင့်အရှောက်တွေ၊ ဘိုးဘေးတွေနဲ့ သဘာဝတရားတို့နဲ့ ချိတ်ဆက်မှုကို ခိုင်မာစေခြင်း

* ဝိညာဉ်ရေးရာ ကျင့်စဉ်တွေနဲ့ ကုထုံးတွေကို ပိုမိုအစွမ်းထက်စေခြင်း

စတာတွေဖြစ်တယ်။


ဒါကြောင့် အစာရှောင်ခြင်း ကို Spiritual Ritual တခုလို သန့်စင်သောစိတ်၊ လောဘ ဒေါသမောဟကင်းသောစိတ်တို့ဖြင့် စိတ်အေးချမ်းစွာ စိတ်ဖိစီိးမှုမပါဘဲ ပြုလုပ်ပါက IF ဟာ ခန္ဓာကိုယ်ကို နုပျိုစေရုံတင်မကဘဲ စိတ်ဝိညာဉ်ကို သန့်စင်ပေးတဲ့ ကျင့်စဉ်တစ်ခု ပါ ဖြစ်နေပါလိမ့်မယ်။


စာရှည်နေပြီမို့ အစာစားခွင့်ရှိတဲ့ အချိန်အပိုင်းအခြား Eating Window မှာရော

Spiritual Diet ကို ဘယ်လိုစားသင့်သလဲ? ဆိုတာကို နောက်တပုဒ် ဆက်ရေးပေးပါမယ်ရှင်


 
 
 

Recent Posts

See All
🌿Spiritual Diet (ဝိညာဉ်ရေးရာ အာဟာရစားသောက်မှုပုံစံ) 🌿

Spiritual သမားတွေ ဘာတွေစားကြသလဲ တဲ့ စိတ်ဝင်စားစရာပဲနော်။ Spiritual Diet ဆိုတာ ဝိညာဉ်ရေးရာ ကြည်လင်မှု (Spiritual Clarity)၊ စွမ်းအင်ကုထုံး (Energy Healing)၊ သဘာဝတရားနဲ့ ဆက်သွယ်မှု (Nature-connection) နဲ

 
 
 
"Reiki"

Reiki ဆိုတာ 1920 မှာ ဂျပန်လူမျိုး Mikao Usui ဆိုတဲ့ Sensei ဆရာကြီးတယောက်က စတင်ခဲ့တဲ့ Spiritual Healing ပညာ တခုပါ။ Bio-magnetic energy/ Universal Life Force Energy ကို Healer မှ Healing ခံယူသူအတွက်ယူဆေ

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page