
🌿Spiritual Diet (ဝိညာဉ်ရေးရာ အာဟာရစားသောက်မှုပုံစံ) 🌿
- Khaing Mon Nwe
- Dec 22, 2025
- 2 min read
Spiritual သမားတွေ ဘာတွေစားကြသလဲ တဲ့
စိတ်ဝင်စားစရာပဲနော်။
Spiritual Diet ဆိုတာ ဝိညာဉ်ရေးရာ ကြည်လင်မှု (Spiritual Clarity)၊ စွမ်းအင်ကုထုံး (Energy Healing)၊ သဘာဝတရားနဲ့ ဆက်သွယ်မှု (Nature-connection) နဲ့ အတွင်းစိတ်အာရုံ (Inner Vision) တွေအတွက် ကျင့်စဉ် (Ritual) ဆန်ဆန် စားသုံးရတဲ့ Diet လို့ ပြောချင်လည်းရပါတယ်
တကယ်တော့ Spiritual ဆိုတာ ဘောင်ခတ်ထားခြင်း မရှိတာမို့
Spiritual သမားတွေ စားတဲ့ Diet ဆိုတာ တယောက်နဲ့တယောက် တူချင်မှ တူပါလိမ့်မယ်။
Calling အတိုင်း သွားကြသူတွေမို့ တယောက်ထဲမှာကိုပဲ တချိန်နဲ့တချိန်တောင် တူချင်မှ တူမှာပါ။
တချို့နည်းလမ်းတွေက နည်းနည်း တင်းကြပ်လို့ အမြဲမစားနိုင်လည်း Ritual ပြုလုပ်သလိုမျိုး အစာသန့် Energy သန့်ဖို့ ပိုမိုကျင့်ကြံလိုသော အချိန်တွေမှာ ဒီအယူအဆ အလေ့အကျင့်တွေကို အချိန်အပိုင်းအခြားနဲ့ လေ့ကျင့်ကြတာမျိုးလည်းရှိပါတယ်။
Spiritual ဆိုတာ ဝိညာဉ်ရေးရာ ကျွမ်းကျင်သူတွေဖြစ်ပြီး သဘာဝ၊ ဝိညာဉ်နဲ့ လူသားတွေအကြား ချိတ်ဆက်ပေးသူတွေ ဖြစ်ကြတယ်။
ဒါကြောင့် သူတို့ရဲ့ Diet က ရိုးရှင်းမှု နဲ့ ကြင်နာခြင်းကို အခြေခံပါတယ်။
Spiritual မှာ ပထမဆုံး စိတ်ဝင်စားကြတာက Energy Frequency စွမ်းအင်လှိုင်းတွေပါပဲ။
ဒါကြောင့် Spiritual Diet ဆိုတာ ဘာစားသလဲဆိုတာထက် သင်စားလိုက်တဲ့ အစားအစာရဲ့ စွမ်းအင် (Energy) က သင့်ရဲ့ သတိတရားနဲ့ စိတ်ခံစားချက်အပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာကို ပိုဦးစားပေးပါတယ်။
Diet သမားတွေ ကယ်လိုရီတွက်စားသလိုပဲ Spiritual သမားကလည်း စွမ်းအင်တုန်ခါမှုလှိုင်း (Frequency/Vibration) ကို ကြည့်ပြီး စားပါတယ်။
High-Vibration Foods (Energy Frequency လှိုင်း မြင့်သော အစားအစာများ)
High Frequency Food တွေဆိုတာ သဘာဝနဲ့ အနီးစပ်ဆုံး သန့်စင်သော အစားအစာတွေ ဖြစ်ပါတယ်။
"အစာ သန့်ရင် စိတ်သန့်တယ်
စိတ်သန့်ရင် စိတ်ငြိမ်းတယ်
စိတ်ငြိမ်းချမ်းနေပြီး စိတ်ရဲ့အသံတွေ တိတ်နေမှ အတွင်းက Soul ရဲ့ အသံကို သင်ကြားရလိမ့်မယ်"
• လတ်ဆတ်တဲ့ အသီးအရွက်များ၊ အစေ့အဆန်များ
• သန့်ရှင်းသောသောက်ရေ
• ဆေးဖက်ဝင် အပင်များ ပင်စိမ်း၊ ဂျင်း၊ စပါးလင်၊ နနွင်း စတာတွေ
• ဆန်ညို၊ ဆန်ကြမ်း၊ သစ်ဥသစ်ဖု (ကန်စွန်းဥ၊ ဖရုံသီး၊ ပိန်းဥ)၊ ပဲအမျိုးမျိုး
• တစ်ပတ်တာအတွင်းမှာ သစ်သီးဝလံနဲ့ အသီးအရွက်တွေကို အရောင်စုံလင်အောင် စားပေးခြင်း (သက်တန့်ရောင် အာဟာရ Rainbow Diet)
Rainbow Diet က လိုအပ်တဲ့ အာဟာရစုံလင်စွာ ရရှိစေသလို၊ ခန္ဓာကိုယ်အတွင်းက ချက္ကရ (Chakras) ၇ ခု စလုံးအတွက် သက်ဆိုင်ရာအရောင်အလိုက် အားဖြည့်ပေးနိုင်တာမို့ သတိထားစားသုံးပေးသင့်တယ်။
• ကမ္ဘာမြေအပေါ် မထိခိုက်စေသော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သော အော်ဂဲနစ် သဘာဝအစားအစာများ
High Vibration Food တွေက high energy ဖြစ်စေတယ်။
Grounded စိတ်နဲ့ကိုယ်တသားထဲ ဖြစ်စေတယ်။
စိတ်ကို ငြိမ်းချမ်းစေပြီး ကြည်လင်စေတယ်။
မိမိကိုယ်ကို ကျေနပ်ဝမ်းမြောက်ဂုဏ်ယူမိစေပါတယ်။
Low-Vibration Foods (Energy လှိုင်း နိမ့်တဲ့အစားအစာများ)
ရှောင်ရမယ့်အစားအစာတွေပေါ့
• သကြားအလွန်အကျွံပါသော အစားအစာများ
• တာရှည်ခံဓာတုပစ္စည်းများ ပါဝင်သောအစာများ
• ပြုပြင်ဖန်တီးထားသောအစာများ
• အလွန်ငံ အလွန်ချို အလွန်စပ် အရသာပြင်းသော အနံ့ပြင်းသော အစာများ
ဒါတွေက ဦးနှောက်ကို လေးလံစေတယ်။ စိတ်ကို ထိုင်းမှိုင်းစေပြီး စိတ်ရှုပ်ထွေးမှုကို ဖြစ်စေပါတယ်။
• နောက်တခုက အသားတွေကလည်း Spiritual ရှုထောင့်မှကြည့်ရင် Low Frequency ပါပဲ
ဒါကြောင့် Plant-Based or Vegetarian diet သားသတ်လွတ်ကို စားဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။
- သတ္တဝါတွေ အသတ်ခံရခါနီးမှာ ဖြစ်ပေါ်တဲ့ "ကြောက်ရွံမှု စွမ်းအင်" (Stress Energy) တွေကို ရှောင်ရှားချင်သောကြောင့်
- အဟိံသ (မညှဉ်းဆဲခြင်း)ဆိုတဲ့ မူဝါဒအတိုင်း မေတ္တာကရုဏာကို အခြေခံသောကြောင့်
- အပြစ်ကင်းသောစိတ်ကို ရရှိလိုသောကြောင့်
သားသတ်လွတ်စားကြပါတယ်။ ပိုပြီးလည်း စိတ်ပေါ့ပါးလန်းဆန်းစေတယ်။
သတိကပ် စားသုံးခြင်း (Mindful Eating)
Spiritual Style စားနည်း နောက်ထပ်တမျိုးက ဘယ်လိုစိတ်နဲ့ စားသလဲ ဆိုတာပါပဲ။
• Mindful Eating - အစားအစာရဲ့ အရသာနဲ့ အနံ့ကို အပြည့်အဝ သိရှိခံစားပြီးစားခြင်း
• Gratitude Eating - စားခါနီးမှာ အစားအစာရဲ့ ဖြစ်ပေါ်လာပုံ အစအဆုံးမှာ ပါဝင်သူတွေကို ကျေးဇူးတင်ပြီးစားခြင်း
• Equanimity - ဥပေက္ခာစိတ်နှလုံးသားဖြင့် သိနေပြီး မစွဲလမ်းဘဲ စားခြင်း
အစာရှောင်ခြင်း (Fasting)
• Intermittent Fasting - အစာရှောင်ကျင့်စဉ်ဖြင့် Spiritual Clarity ကြည်လင်မှုတိုးစေတယ်။
အစာခြေစနစ်ကို အနားပေးပြီး ဆဲလ်တွေကို ပြုပြင်ပေးပါတယ်။
ဆိုတော့ အနှစ်ပြန်ချုပ်ရရင် Spiritual Diet Styles တွေမှာ
• အသီးအရွက် အခြေခံစားခြင်း
• Energy Frequency သန့်စင် မြင့်မားမှုကို ဂရုစိုက်စားခြင်း
• အသီးအရွက် အဓိကစားပြီး ငါး နှင့် ဥ တခါတရံ စားခြင်း
• Red Meat ခြေလေးချောင်း ရှောင်ခြင်း
• Herbs & Teas ဆေးဖက်ဝင် အသီးအရွက်များ ပါဝင်အောင် စားသုံးခြင်း
• Ayurveda ကျမ်းအတိုင်း Sattvic Foods စင်ကြယ်သောအစားအစာများ စားသုံးခြင်း (ဒီ Diet Style မှာ စိတ်ကို ထကြွစေသော သို့မဟုတ် ထိုင်းမှိုင်းစေသော အစားအစာများကိုရှောင်ကြဉ်ရပါတယ် (အသား၊ ငါး၊ ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အလွန်စပ်သောငရုတ်သီး၊ အရက်၊ ကဖင်း)
• စိတ်ကိုပေါ့ပါးစွာထားပြီး မိမိစိတ်အာရုံ ညွှန်ပြသည့်အတိုင်း စားခြင်း (Intuitive eating)
• ဥပေက္ခာစိတ် ကျေးဇူးတင်စိတ်ဖြင့် သတိကပ် စားသုံးခြင်း (Mindful Eating)
• အစာရှောင်ခြင်း ကျင့်စဉ် (Intermittent Fasting)
စတာတွေပါဝင်တယ်။
အစားအစာတွေဟာလည်း
• မျှတပြီး ခန္ဓာကိုယ်ကို တည်ငြိမ်စေသော အစားအစာများ
• ဉာဏ်ပညာကြည်လင်စေရန် ရိုးရှင်းသန့်ရှင်းသော အစားအစာများ
• ခွန်အားဖြစ်စေသော အစားအစာများ
• သဘာဝနဲ့ အနီးစပ်ဆုံးသော သဘာဝမှ ရသောအစားအစာများ
• ကောင်းသော စွမ်းအင်ရစေသော အစားအစာများ
• စိတ်အေးချမ်းစွာဖြင့် ချက်ပြုတ်ထားသော အစားအစာများ
စတာတွေဖြစ်ကြပါတယ်။
Spiritual Diet က
• ကိုယ်ခန္ဓာ နဲ့ Energy စက်ဝန်း Aura ကို သန့်စင်ပေးတယ်။
• ကြိုသိစိတ် အကြားအမြင်သိစိတ်တွေကို ပိုအားကောင်းစေတယ်။
• အိပ်မက်နိမိတ် မြင်ကြားသိနိမိတ်တွေ မှန်ကန်စေတယ်။
• ဝိညာဉ်ရေးရာအစောင့်အရှောက် ပုဂ္ဂိုလ်တွေ ဘိုးဘေးတွေ သဘာဝဓာတ်တွေနဲ့ချိတ်ဆက်မှုပိုအားကောင်းလာစေတယ်။
• Healing ကုစားခြင်း အလုပ်တွေကို ပို အစွမ်းထက်စေပါတယ်။
ဝိညာဉ်ရေးရာ အာဟာရ Spiritual Diet ဆိုတာ သင့်ခန္ဓာကိုယ်ဆိုတဲ့ ဗိမာန် Temple လေးကို နားလည်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။
မိမိခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို (Intuitive Eating) ဖြင့် သိအောင်လုပ်သင့်တယ်။
လွယ်ကူရိုးရှင်းတဲ့ Spiritual Eating Ritual လေးတခုပြောရရင်
အစာမစားခင် လက်နှစ်ဖက်ကို အစားအစာပေါ်မှာ ၅ စက္ကန့်လောက် မိုးထားပေးပါ။
Energy ကို စစ်ဆေးပါ။ လိုအပ်ပါက Energy ကို သန့်စင်ပေးလိုက်ပါ။
အသက်ကို ပြင်းပြင်းရှူပြီး ဒီအစားအစာ ဘယ်ကလာသလဲဆိုတာကို သိရှိပေးပြီး ထိုအစာနှင့်သက်ဆိုင်သော အရာအားလုံးကို ကျေးဇူးတင်ပါ။
သတိကပ်စားသုံးပါ။
"Simplicity quiets the mind so spirit can speak."
"သဘာဝအဆန်ဆုံး အရိုးရှင်းဆုံး အရာတွေကသာ သင့်စိတ်ကို တိတ်ဆိတ်ငြိမ်သက်စေမှာဖြစ်တယ်။
အဲဒီအခါ သင့် Spirit သင့်ရဲ့အတွင်းထဲက အသံကို ကြားရလိမ့်မယ်။" တဲ့
ဒီလောက်ဆိုရင် Spiritual Diet Style လေးတွေက ဘယ်လောက်ကြည်လင် အစွမ်းထက်မလဲ မှန်းဆလို့ ရလောက်ပါပြီနော်

Comments