top of page
Search

"Reiki"

Reiki ဆိုတာ 1920 မှာ ဂျပန်လူမျိုး Mikao Usui ဆိုတဲ့ Sensei ဆရာကြီးတယောက်က စတင်ခဲ့တဲ့ Spiritual Healing ပညာ တခုပါ။


Bio-magnetic energy/ Universal Life Force Energy ကို

Healer မှ Healing ခံယူသူအတွက်ယူဆောင်ပေးပြီး Healer ရဲ့ သမာဓိ အားဖြင့် Healing ပေးတာပါ။


Reiki Healer သည် Reiki ရဲ့ အခြေခံမူ ၅ ချက်ကို နေ့စဉ် သတိကပ်ကျင့်သုံးရတယ်။

Just for today,

I will not be worry

I will not be angry

I will do my work honestly

I will thank to my blessings

I will kind to every living things

တို့ဖြစ်တယ်


အဓိကအားဖြင့် 7 Chakras လို့ခေါ်တဲ့ ခန္ဓာကိုယ်ရှိ စွမ်းအင် ဗဟို နေရာ 7 ခုကို အာရုံပြုပြီး ပေးတယ်

လက်ဝါးကနေ စွမ်းအင်ကို ပေးပို့တယ်။

Palm Healing လို့ ခေါ်ပါတယ်။


Healer ကောင်းတယောက်ဖြစ်ဖို့ လုပ်ရမယ့် နေ့စဉ် တာဝန်ကတော့ နေ့စဉ်သမာဓိထူထောင်ဖို့ရယ်

နေ့စဉ် Healing ပေးခြင်း ကိုလေ့ကျင့်နေဖို့ရယ်ပါ။


Energy Healing လို့ခေါ်တဲ့ Reiki Healing ဟာ ကမ္ဘာအနှံ့မှာ အထူးသဖြင့် US နှင့် UK နိုင်ငံတွေမှာ Holistic Therapy အနေနှင့် အသုံးပြုနေတယ်။

Terminally ill patients တွေအတွက်လည်း အသုံးဝင်ပါတယ်။


သူက Spiritual ဆိုပေမယ့် Bio-Magnetic Energy ကိုသုံးတဲ့အတွက် Physic ဆန်တဲ့ သဘောတရားဖြစ်ပါတယ်။


Spiritual ဖြစ်တဲ့အတွက် Religion နှင့်မသက်ဆိုင်ပါဘူး။

ဘယ် Religions မဆို အသုံးပြုနိုင်တယ်။


Universe လို့ခေါ်တဲ့ စကြာဝဠာ စွမ်းအင်ကို တောင်းခံပါတယ်။ လောကကြီးထဲက မေတ္တာတွေ စွမ်းအင်တွေကို ရယူပါတယ်။

ကိုယ့်သက်ဆိုင်ရာ ဘုရားရှင်ရဲ့ Energy ကို တောင်းခံပြီးလည်း ကျင့်ကြံလို့ရပါတယ်။


Chakra 7 ခု ရဲ့ အစွမ်းတွေပြည့်စုံရင် အစစအရာရာ ပြည့်စုံတာပဲမို့ အဲဒီ Energy Centre တွေကို အဓိက Healing ပေးကြသလို ဖြစ်နေတဲ့ ပြသနာဝေဒနာနဲ့ဆိုင်ရာနေရာတွေကိုလည်း ပေးပါတယ်။


7 Chakra တွေ အားကောင်းနေမယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူး အကျဉ်းချုပ်က ဒါတွေပါ


1. Root Chakra (Muladhara): အနီရောင်

စိတ်နှင့်ကိုယ် တသားထဲဖြစ်ခြင်း

ခိုင်မာခြင်း၊ လုံခြုံခြင်း၊ ဘေးကင်းခြင်း


2. Sacral Chakra (Svadhisthana): လိမ္မော်ရောင်

တီထွင်ဖန်တီးမှု အာရုံခံစားမှုအားကောင်းခြင်း

စိတ်ခံစားချက်တွေကို ထိန်းညှိနိုင်ခြင်း

ကောင်းမွန်သော Relationship


3. Solar Plexus Chakra (Manipura): အဝါရောင်

မိမိကိုယ်ကို ယုံကြည်မှု အားကောင်းခြင်း

ပျော်ရွှင်မှုကိုဖြစ်စေခြင်း


4. Heart Chakra (Anahata): အစိမ်းနုရောင်/ပန်းရောင်နုနု

နှလုံးသားရေးရာ၊ ချစ်မေတ္တာ၊ ကိုယ်ချင်းစာတတ်ခြင်း

စိတ်ခံစားမှုတွေ ပြန်လည်ကောင်းမွန် စေ Heal ဖြစ်စေခြင်း


5. Throat Chakra (Vishuddha): ကောင်းကင်ပြာရောင်

ကောင်းစွာ ဆက်သွယ်ပြောဆိုတတ်ခြင်း

လူဝင်ဆံ့ခြင်း

သူတပါးကိုသေချာစွာ နားထောင်ပေးတတ်သူဖြစ်ခြင်း

အဆက်အသွယ်ကောင်းများရရှိခြင်း


6. Third Eye Chakra (Ajna): နက်ပြာရောင်

အကြားအမြင် ကြိုသိစိတ်အားကောင်းလာခြင်း

အသိအမြင်များ ရင့်သန်လာခြင်း

စိတ်ကြည်လင်ခြင်း

စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တို့နှင့် သက်ဆိုင်ခြင်း


7. Crown Chakra (Sahasrara): ခရမ်းရောင်နုနု

ဉာဏ်ပညာ နဲ့ သက်ဆိုင်သည့် သတိတရား၊

လွတ်မြောက်စေသော အသိနိုးကြားစိတ်


ဒါတွေအပြင် Chakra ၇ ခုလုံးရဲ့ အနီးရှိ သက်ဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းဝေဒနာများ သက်သာပျောက်ကင်းခြင်း ကိုလည်း ပေးစွမ်းပါတယ်။


အချုပ်ပြောရရင်တော့ Reiki သည်

Universal Life Force Energy ကို အသုံးပြုပြီး

မေတ္တာဓာတ်ကို ထိရောက်စွာ ပို့တတ်ဖို့ သင်ပေးတဲ့ အလွန်အစွမ်းထက်တဲ့ နည်းတခုလို့ ခံယူပါတယ်။


 
 
 

Recent Posts

See All
🌎 အနာဂတ်ဆီက အသံနဲ့ ပစ္စုပ္ပန်ရဲ့ လက်ဆောင်

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ သာယာတဲ့သံစဉ်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။ သစ်တောတွေရဲ့ တိုးတိုးဖွဖွ ရေရွတ်သံ၊ မြစ်ရေတွေရဲ့ တသွင်သွင်စီးဆင်းသံတွေဟာ ကမ္ဘာကြီးရဲ့ သီချင်းတစ်ပုဒ

 
 
 
ပတ်ဝန်းကျင်ဖိအားတွေရဲ့အကြား စိတ်အကြည်ဓာတ် ကို ဘယ်လို ထိန်းမလဲ?

Inner Peace လို့ခေါ်တဲ့ စိတ်အကြည်ဓာတ်ကို မွေးဖွားနိုင်ဖို့ဆိုတာ လေ့လာမှတ်သားသင်ယူရတဲ့ ပညာ တခုလည်း ဖြစ်သလို၊ လက်တွေ့လုပ်ဆောင်နိုင်ရန် လေ့ကျင့်ရတဲ့ Skill အရည်အသွေး တခုလည်း ဖြစ်ပါတယ်။ စိတ်အကြည်ဓာတ်က အရေး

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page