top of page
Search

ပတ်ဝန်းကျင်ဖိအားတွေရဲ့အကြား စိတ်အကြည်ဓာတ် ကို ဘယ်လို ထိန်းမလဲ?

Jun 19
2 min read


Inner Peace လို့ခေါ်တဲ့ စိတ်အကြည်ဓာတ်ကို မွေးဖွားနိုင်ဖို့ဆိုတာ

လေ့လာမှတ်သားသင်ယူရတဲ့ ပညာ တခုလည်း ဖြစ်သလို၊

လက်တွေ့လုပ်ဆောင်နိုင်ရန် လေ့ကျင့်ရတဲ့ Skill အရည်အသွေး တခုလည်း ဖြစ်ပါတယ်။


စိတ်အကြည်ဓာတ်က အရေးကြီးလှတာမို့ ဖြစ်ပေါ်နိုင်ဖို့လည်း ကြိုးစားရတယ်။

ဆက်လက် ထိန်းသိမ်းထားဖို့လည်း ကြိုးစားရတယ်။


မိမိကိုယ်တွင်း ရင်တွင်းထဲက စိတ်အညစ်အကြေး ပူလောင်လေးလံတာတွေကို ထုတ်ပယ်နည်းတွေ

မိမိကိုယ်ကို ကောင်းစွာ သုံးသပ်ပြီး ရင်ထဲက အေးချမ်းမှု ရရှိနည်းတွေကို

Mindfulness Session တွေမှာ မကြာခဏ ပြောခဲ့ လေ့ကျင့်ပေးခဲ့ပါတယ်။


အခု ဒီစာမှာတော့

ကိုယ့်အတွင်းက ငြိမ်းချမ်းမှုကို တည်ဆောက်နေစဉ်မှာ

တပြိုင်ထဲ ကြိုးစားရုန်းကန်နေရတဲ့

ပြင်ပပတ်ဝန်းကျင်ရဲ့ ကိုယ့်အပေါ်လာတဲ့ သက်ရောက်မှု ကို

ဘယ်လို မှန်ကန်စွာ တုံ့ပြန်ကြမလဲ ဆိုတာကို အဓိက ရေးပေးမှာပါ။


ရှောင်လွဲမရသော အသိုင်းအဝိုင်းပတ်ဝန်းကျင်ရဲ့ ဖိအား နှင့် သက်ရောက်မှုတို့ အကြား

စိတ်ခွန်အား စိတ်အကြည်ဓာတ် မပျက်ယွင်းစေဘဲ နေထိုင်နိုင်ရန် လေ့ကျင့်ယူခြင်း အကြောင်းပေါ့။


ဒီကာလတွေမှာ အတော်များများကြုံတွေ့နေရတဲ့ ပြသနာပါပဲ။

အရာရာဟာ အကန့်အသတ် ရှိလာတယ်။

စားဝတ်နေရေး၊ အလုပ်အကိုင်၊ မိမိကိုယ်ပိုင်ရပ်တည်နိုင်ခြင်း စသော အခြေခံလိုအပ်ချက်တွေကို ပြည့်မီရန် ကြိုးစားနေရချိန်တွေ၊ ကိုယ့်လိုချင်တဲ့ ဘဝပန်းတိုင်ကို မရောက်သေးခင်အချိန်တွေမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ရွေးချယ်နိုင်တဲ့အခွင့်အလမ်း မရတတ်တာ များပါတယ်။

ရှိတဲ့အထဲက အကောင်းဆုံးရွေးချယ်နေခဲ့ကြရတယ်။


ကောင်းတဲ့ပတ်ဝန်းကျင်

မကောင်းတဲ့ပတ်ဝန်းကျင်

သူများတွေကိုအကုန်ကောင်းပြီး ကိုယ့်ကြမှ ကွက်ဆိုးတဲ့ပတ်ဝန်းကျင်

သူများတွေကိုမကောင်းသော်လည်း ကိုယ့်ကြမှ ကွက်ကောင်းတဲ့ ပတ်ဝန်းကျင်

စသည်ဖြင့် ပေါ့

အမျိုးစုံ တွေ့နေကြရမှာပါ။


ကဲ ဘယ်လို အေးချမ်းစွာ ကျော်ဖြတ်ကြမလဲ?


ပြောလိုက်ရင် လွယ်တယ်။ နားလည်ဖို့လည်း လွယ်တယ်။

လိုက်လုပ်ဖို့ပဲ ခက်တာပါ။

ဒါကြောင့် သိပြီး နားလည်ပြီးရင်တော့ သေချာ လေ့ကျင့် ကျင့်ကြံဖို့ မိမိကိုယ်ကို ကတိပေးထားပါနော်။


(၁) Boundary မိမိ၏ စည်းကို သတ်မှတ်ခြင်း


လူမှုအသိုင်းအဝိုင်းမှာ စည်း ဆိုတာ အရေးကြီးပါတယ်။

ပြလည်းပြပေးထားရမယ်။

မိမိနဲ့ အရင်းနီးဆုံး မိသားစုနဲ့တောင် Boundary ဆိုတာ ရှိရတာပဲ မဟုတ်လား။

ကိုယ် ဘယ်အထိ လုပ်ပေးနိုင်လဲ၊ရကူညီပေးနိုင်လဲ၊ ကိုယ့်အပေါ်စွက်ဖက်ဖို့ ခွင့်ပြုပေးနိုင်လဲဆိုတာကို ရိုးသားစွာ အေးချမ်းစွာနဲ့ပဲ ပြထားသင့်တယ်။


သူတပါးစည်းရော ကိုယ့်စည်းကိုပါ ကျော်မိတတ်သော အရာတွေက

စေတနာလွန်ကဲခြင်း

သနားစိတ်လွန်ကဲခြင်း

ဒေါသလွန်ကဲခြင်း

ယုံကြည်မှုလွန်ကဲခြင်း

လူအချင်းချင်းဆက်ဆံရာမှာ စောင့်စည်းအပ်သော ကျင့်ဝတ်ကို မသိခြင်း

Power ကို အသုံးချခြင်း

ကိုယ့်တဖက်ကိုသာ မြင်တတ်သောသူမျိုး ဖြစ်နေတတ်ခြင်း

ပေါ့ဆတတ်သူဖြစ်နေခြင်း

စတာတို့ ဖြစ်တယ်။


ကိုယ်က အဲဒီထဲ ပါနေရင်လည်း ပြင်ရပါမယ်။


(၂) ဒီကိစ္စကို မိမိဘယ်ထိ ထိန်းချုပ်နိုင်ပါသလဲ?


မိမိလုပ်နိုင်သောဘောင်ထဲမှာ ရှိနေလား

မိမိတတ်နိုင်လား

အဲဒါကို ပြန်ကြည့်ပါ။


ကိုယ်မတတ်နိုင်ရင် ပြင်ဖို့မကြိုးစားတော့ဘဲ

ဘယ်လိုအသက်သာဆုံးရင်ဆိုင်မလဲ

မေတ္တာမပျက်ဘယ်လိုဆက်သွားမလဲ လို့

မိမိကိုယ်ကိုပဲ ဗဟိုပြုရင်း ရှေ့ဆက်ရတာဖြစ်တယ်။


ကိုယ်ထိန်းချုပ်နိုင်သော အရာများနဲ့ မထိန်းချုပ်နိုင်သောအရာများကို ကောင်းစွာသိမယ်။

မထိန်းချုပ်နိုင်တာကို ဒါဟာ ကိုယ် ထိန်းချုပ်နိုင်တဲ့အရာဆိုတာ အသိအမှတ်ပြုလိုက်ပါ။

ပြီးရင်

ကိုယ်ထိန်းချုပ်နိုင်တာ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ရမယ်။


ဥပမာ

အပြင်သွားခါနီး မိုးရွာတယ်။

မိုးရွာတာကို ကိုယ် မထိန်းချုပ်နိုင်ဘူး။

ကိုယ် အကောင်းဆုံးဘာလုပ်နိုင်လဲ?

ထီးယူမယ်။ မိုးကာဝတ်မယ်။ အဝတ်အစားအပိုယူသွားမယ်။


(၃) မိမိရဲ့စံနှုန်းသတ်မှတ်ချက် (Value)


မိမိရဲ့စံသတ်မှတ်ချက် မိမိတန်ဖိုးကို

သူတပါးရဲ့ လုပ်ရပ်ကြောင့်တော့ဖြင့်

မပျက်ယွင်းစေရန် ဆင်ခြင် သတိကပ်ပြီး

ဆက်လက်လုပ်ဆောင်ဖို့က ပထမပါပဲ


မိမိကိုယ်ကို စံတန်ဖိုးသတ်မှတ်ထားတဲ့အထဲမှာ

စိတ်အေးချမ်းမှုကိုပါ ထည့်ထားရင်တော့

စိတ်အလုပ်တွေကိုပါ ဆက်လုပ်ရတော့တာပေါ့

ဒါကလည်း ဘယ်သူအတွက်မှမဟုတ် ကိုယ့်အတွက်ပါပဲဆိုတာ သိရပါမယ်


ဥပမာ

သူအော်ပြောတိုင်း ကိုယ်ပြန်မအော်ဘဲ ပြောသင့်တာကိုပြောမယ်။

ဒါက သူ့ကို မအော်ရဲတာမဟုတ်ဘူး။

ကိုယ်က အော်တဲ့သူ မဖြစ်စေဖို့ ကိုယ့်ကိုကိုယ် ပိုကောင်းအောင် ထိန်းသိမ်းတာပါ။


ကပ်ညှိလာတဲ့ စိတ်အနှောင့်အယှက်တွေကို ဖယ်တတ်မှ

မိမိ Value ကနေ အဝေးမရောက်ဘဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။


ဒါတွေ အားလုံး ကောင်းစွာကျင့်သုံးနိုင်ဖို့

ချက်ချင်းသိရှိပြီး မိမိကိုယ်ကို သတိကပ်နိုင်ဖို့ကတော့

Mindfulness စိတ်လေ့ကျင့်ခန်း တခုခုကို နေ့စဉ်ပုံမှန် လေ့ကျင့်နေရမှာ ဖြစ်ပါတယ်။

အားလုံး မိမိရဲ့ စံတန်ဖိုးအတိုင်း မသွေဖယ်ဘဲ အခက်အခဲများကို ရင်ဆိုင်တတ်သူများဖြစ်ကြပါစေ။


 
 
 

Recent Posts

See All
Untitled

"သင်မပျော်တဲ့ အလုပ်ကနေ ရတဲ့ ဝင်ငွေကို ဘယ်လို အသွင်ပြောင်းမလဲ" ဂျပန်စာရေးဆရာ Ken Honda ရဲ့ ကျော်ကြားလှတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲမှာ Happy Money နဲ့ Unhapy Money ကို သူက ခွဲခြားပြထားတယ်။ Unhappy Mo

 
 
 
BE GRATEFUL FOR EVERYTHING!

"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါ" BE GRATEFUL FOR EVERYTHING! WWP Program ရဲ့ Financial Wellness Week မှာ ဂျပန်စာရေးဆရာ Ken Honda ရဲ့ အရမ်းကျော်ကြားတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲက Theory တွေ ပြောဖြစ်ခ

 
 
 
"Mindful Eating" နှင့် "Intuitive Eating"

"Mindful Eating" နှင့် "Intuitive Eating" "Intuitive Eating" ခန္ဓာကိုယ်၏ သဘာဝအချက်ပြမှုများကို နားထောင်လိုက်နာပြီး စားသောက်တဲ့ပုံစံ ဖြစ်ပါတယ်။ "Mindful Eating" စားသောက်နေချိန်မှာ အပြည့်အဝ သတိရှိစွာ အာ

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page