top of page
Search

“Reiki is not just healing — it is a gateway into spirituality."

May 26
1 min read


Reiki ဆိုတာ တကယ်တော့ Healing ဆိုတာထက်ပိုပါတယ်။

Spiritual ကျင့်စဉ်တွေထဲကတခုဖြစ်သလို Spirituality ရဲ့ တံခါးပေါက်ပါပဲ။


Reiki Level 1

Reiki Level 2

Reiki Level 3

Reiki Master

ဘာတွေကွာလဲ ဆိုရင်


Energy သုံးရတာ Symbol သုံးရတာတွေကွာပါတယ်။

Energy ကိုယ့်ဆီမှာစိမ့်ဝင်တာ သုံးနိုင်လာတာချင်းကွာပါတယ်။

Reiki နဲ့ တသားထဲ ဖြစ်လာတဲ့ ခံစားချက် ရရှိပုံ အဆင့်ဆင့်ကွာတယ်။


Level 1 မှာ တော်တော်ကြိုးစားခဲ့ရလို့

Level 1 က အတော် ထူးပါလိမ့်မယ်။


Level 2 မှာ မိမိ Energy ကိုသာမက

အခြားအရာရဲ့ Energy တွေကိုပါ စတင်စိတ်ဝင်စားစွာထိတွေ့မယ်။

Level 2 လည်း သေချာ ဆက်လုပ်နေရမှာပဲ။

အတော်ကြီးကို ကြိုးစားရတာပါပဲ။


Level 3 နှင့် Master ကြပြန်တော့ အတော်ကျယ်ပြန့်သလို

အရမ်းကို နူးညံ့အသေးစိတ်နေပြီ။


သင်တန်းပြီးလည်း လေ့ကျင့်ရတာမပြီး

Certificate ရပြီးလည်း ဆက်လက်ရုန်းကန်နေရဆဲ

အဲလိုမျိုးလေးတွေနဲ့

ဆက်လက်ချီတက်နေကြပါတယ် လို့


ဒါကြောင့် Soul Family တွေကို အတန်းတွေ ပြန်ဝင်လာလေ့ကျင့်နိုင်ရန် ကိုယ့်အတန်းရဲ့ နောက်ဆက်သင်မယ့် ၂ တန်းကို အခမဲ့ Join စေတာပါ။


ဒါပေမယ့် မိမိ အတန်းတခုခုမှာ စလုပ်ပြီ ဆိုတာနဲ့

စပြီးရင် ဆုံးသည်အထိတော့ သေချာ ဆက်လိုက်လာစေချင်ပါတယ်။


Reiki က နူးညံ့လွန်းတယ်။

သဘောကောင်းလွန်း ရိုးရှင်းလွန်းတယ်။

အဲဒါနဲ့ကိုက်ညီဖို့ ကြိုးစားရတာကိုက ကိုယ့်အတွက် ကျင့်စဉ်တခုပါပဲ။


ကိုယ့်ရဲ့ တင်းနေတဲ့စိတ် ကြမ်းနေတဲ့စိတ်ကို တဖြည်းဖြည်းချင်း

နူးညံ့ပေါ့ပါးလာစေတာ Reiki ပါပဲ။


ကျမ စာသင်တာ Podcast ဆန်တယ်။

စာနားထောင်တာ ၄၅ မိနစ် ၁ နာရီ ခန့်ဖြစ်ပြီး

Replay ပြန်ဖွင့်ရင် ပထမပိုင်းက သိသင့်သော Knowledge တွေပါ။

တခါတလေတော့ ရောက်လာသော Soul Connection များ ကြားသင့်သော Message တွေပါတတ်တယ်။

ဒုတိယပိုင်းက Energy Works တွေပေါ့။

အတန်းရဲ့ Energy အတိုင်းပဲ သင်သွားတာမို့ လေးလေးနက်နက် လိုက်ပါလေလေ ထူးခြားလေလေပါပဲ။


ပြီးရင် Energy Work တွေ Live တူတူလုပ်ကြရသလို နေ့စဉ်လည်း လုပ်ရမှာတွေရှိတယ်။

လုပ်ပုံလုပ်နည်း အတိအကျ ရှိပါတယ်။

အဲဒါကိုသေချာ အစထဲက သေချာနားထောင်သိရှိနားလည်ပြီး

သေချာလိုက်လုပ်နိုင်ရင်လွယ်ပါတယ်။

သတိကပ်နေရင် မပင်ပန်းဘဲ အလွန်ထူးလိမ့်မယ်။

သတိဘယ်လိုကြိုးစားကပ်ရမလဲ ဆိုတဲ့နည်းတွေလည်း ပြောပေးသင်ပေးပါတယ်။


Recording မယူတဲ့ Question Answer အမေးအဖြေ အချိန်မှာ

လိုအပ်သူတွေ နားထောင်နေသူတွေအတွက် အဖြေအများကြီးထွက်ပါတယ်။

အချို့ အမေးအဖြေတွေက ကောင်းလွန်းလို့ နှမြောပေမယ့် လွတ်လွတ်လပ်လပ် ပြောစေချင် မေးစေချင်လို့ Record တမင်မယူတာများပါတယ်။


ဆိုတော့ Live လာတက်ရင်လည်း တမျိုးကောင်းသလို

မမီတဲ့နေ့ Replay လုပ်မယ်ဆိုလည်း အရှေ့မှာ ကျမ တကယ် ရှိနေသလို သဘောထားပြီး ပြန်ထိုင်ရင် Live နဲ့တူတူပါပဲ။


ပေးလို့ရတာ အကုန် ပေးထားပါတယ်။

အစွမ်းကုန် အနီးကပ် ဂရုစိုက် ပေးထားတယ်နော်။


Reiki Healer ဆိုတာကလေ ဆရာဖြစ်သင်တန်းမို့

ကြိုးတော့ကြိုးစားရလိမ့်မယ်နော်။


ပြောင်းလဲမှုကလည်း တကယ့်ကို အကြီးကြီးပါ။


ကြိုးစားမှုရဲ့ ရလာဘ်က ထိုက်တန်လွန်းတာမို့ သေချာစွာ လေးလေးနက်နက် ကျင့်ကြံသူတိုင်း

Reiki ကို မချစ်ဘဲကို မနေနိုင်ကြပါဘူး လို့ 🥰


Namaste 🙏


 
 
 

Recent Posts

See All
Untitled

"သင်မပျော်တဲ့ အလုပ်ကနေ ရတဲ့ ဝင်ငွေကို ဘယ်လို အသွင်ပြောင်းမလဲ" ဂျပန်စာရေးဆရာ Ken Honda ရဲ့ ကျော်ကြားလှတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲမှာ Happy Money နဲ့ Unhapy Money ကို သူက ခွဲခြားပြထားတယ်။ Unhappy Mo

 
 
 
BE GRATEFUL FOR EVERYTHING!

"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါ" BE GRATEFUL FOR EVERYTHING! WWP Program ရဲ့ Financial Wellness Week မှာ ဂျပန်စာရေးဆရာ Ken Honda ရဲ့ အရမ်းကျော်ကြားတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲက Theory တွေ ပြောဖြစ်ခ

 
 
 
"Mindful Eating" နှင့် "Intuitive Eating"

"Mindful Eating" နှင့် "Intuitive Eating" "Intuitive Eating" ခန္ဓာကိုယ်၏ သဘာဝအချက်ပြမှုများကို နားထောင်လိုက်နာပြီး စားသောက်တဲ့ပုံစံ ဖြစ်ပါတယ်။ "Mindful Eating" စားသောက်နေချိန်မှာ အပြည့်အဝ သတိရှိစွာ အာ

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page