top of page
Search

"Kundalini ကွန်ဒလီနီ နှင့် Chakras စွမ်းအင်"

Mar 14
2 min read


Spiritual သမားတိုင်း

မိမိကိုယ်ကို အေးချမ်းစေဖို့

Spiritual အဆင့်တွေတက်လှမ်းနိုင်ဖို့

မိမိရဲ့ ကိုယ်ပိုင် Energy ကို၊ မိမိရဲ့ Soul ကို သန့်စင်စေဖို့ ကြိုးစားကြပါတယ်။


Spiritual အဆင့်မြင့်တက်ဖို့ တရားဉာဏ်အဆင့်ဆင့်တက်လှမ်းနိုင်ဖို့

Energy သန့်ရှင်းရေးကျင့်စဉ်တွေ၊ Meditation တွေ အမျိုးမျိုးရှိတဲ့အထဲမှာ

7 Chakras ကနေ သွားတဲ့ ခရီးလမ်းက

Therory စာတွေ့သဘောအရရော

Meditation ကျင့်စဉ် လေ့ကျင့်ရတာရော

အလွယ်ကူဆုံးပါ။


7 Chakras တွေဟာ မိမိရဲ့ Pure Spirit လို့ခေါ်တဲ့ Soul နဲ့တသားထဲဖြစ်စေဖို့ တံခါးပေါက်တွေပါပဲ။

ဒီ တံခါးပေါက်တွေ ကို ဖွင့်နိုင်ရင် Soul ကိုတွေ့ရမယ်။

အမှန်တရားကို တွေ့ရမယ်လို့ အလွယ်ဆုံးရှင်းပြထားတာပါပဲ။


Kundalini စွမ်းအင်က 7 Chakras နဲ့ အသေအချာဆက်စပ်ပါတယ်။

Kundalini Awakening ကွန်ဒလိနီ နိုးကြားခြင်းကြောင့် Chakras တွေ သန့်သွားတယ်။ ပွင့်လန်းသွားပါတယ်။


Kundalini Meditation ကြောင့် Chakras သန့်တယ်။ စွမ်းအင်တွေ ခံစားရတယ်။

Chakra Meditations တွေကြောင့်လည်း Kundalini စွမ်းအင်နိုးကြားစေတာပါပဲ။


Universal Life Force Energy (Reiki/ Prana စွမ်းအင်) ကို လက်ခံရယူခြင်းကျင့်စဉ်တွေက Crown ကနေ Root ကို Energy တွေ စီးဝင်လာပြီး

Chakras တွေ ကို သန့်စင်ပေးတယ်။ အားကောင်းစေတယ်။

Kundalini စွမ်းအင်က ကိုယ့်အတွင်းထဲကနေ

Root နဲ့ Sacral ကြားနေရာကနေ တွန်းကန်တက်လာတယ်။

Root ကနေ Crown ကို ဆန်တက်လာတာဖြစ်ပါတယ်။


နှစ်ခုစလုံးကို အတူလေ့ကျင့်ခြင်းဟာ အရမ်းကို ထူးလိမ့်မယ်။

ပိုပြီး စွမ်းအင်ကြီးမားစေပါလိမ့်မယ်။


Chakras တွေ အားကောင်းစေဖို့ Kundalini စွမ်းအင် နိုးကြားစေဖို့

နေထိုင်စားသောက်ပုံတွေကလည်း သိပ်မကွာလှပါဘူး။

အချုပ်ပြောပေးရရင်

🌿ကိုယ်ခန္ဓာ Physical Body

🍀စိတ် Mind

🌱ဝိညာဉ် Soul

အဲဒီ ၃ ခုကို သန့်စင်စေရမယ်။


🌿ကိုယ်ခန္ဓာ ရဲ့ ကျန်းမာခြင်းအတွက် နေထိုင်၊ စားသောက်ပုံ၊ သင့်တော်သောလှုပ်ရှားမှုကို ကောင်းစွာဂရုစိုက်ရမယ်။

ပေါ့ပါးသန့်ရှင်းသောအစားအစာ၊ မျှတစွာစားခြင်း၊

သန့်ရှင်းသောသောက်ရေ၊

အိပ်ချိန်၊ စားချိန် မျှတခြင်း စတာတွေကို

ဂရုစိုက်ရုံသာမက

Yoga ကျင့်စဉ်တွေကျင့်တာကလည်း အလွန်သင့်တော်တယ်။


🍀စိတ်ပိုင်းဆိုင်ရာ အတွက် တရားထိုင်တာသာမက စိတ်ခံစားချက်ကိုပါ သတိကပ်ရမှာပါ။

စိတ်ခံစားချက်ကနေ Energy ဖြစ်စေတာက အဓိက အချက်ပါပဲ။

ကိုယ့်ရဲ့ Soul မှာ ကပ်ညိနေတဲ့ Shadow တွေ၊ Energy တွေကလည်း စိတ်ခံစားချက် ကနေ လာတာပါပဲ။

အဲဒါတွေကြောင့် Chakras တွေကို ပိတ်ဆို့စေတယ်။ စွမ်းအင်လျော့ကျစေတယ်။

ဒါကြောင့် စိတ်ခံစားချက်ကို သတိကပ် ဖြေလျှော့သော မည်သည့် Mindfulness နှင့် Meditation ကိုမဆို လုပ်သင့်ပါတယ်။

Alternate Breathing (Anulom Vilom Pranayama) နှာခေါင်းတဖက်စီ အသက်ရှူခြင်းကျင့်စဉ်လိုမျိုး အသက်ရှူလေ့ကျင့်ခန်းတွေဟာလည်း အလွန်အကျိုးရှိပါတယ်။

Yoga Asana/ အနေအထားပုံစံယောဂကျင့်ခြင်း/ Yoga Posture တွေ နဲ့ လေ့ကျင့်ခြင်းဟာ

Pranayama အသက်ရှုခြင်းယောဂကျင့်စဉ်များပြုလုပ်နေစဉ် တရားထူးအမြင်ထူးရဖို့ကို အလွန်အထောက်အကူပြုတယ်။


🌱Soul အတွက် ကျင့်စဉ်ကတော့

Soul ကို Soul အတိုင်း ထိုင်ကြည့်နေတာပါပဲ။

ငါဆိုတာ ကိုယ်ခန္ဓာလည်း မဟုတ်ဘူး။

ငါဆိုတာ စိတ်ခန္ဓာလည်း မဟုတ်ဘူး။

ငါဆိုတာ Pure Spirit / Soul တခုသာဖြစ်တယ်လို့ အသေအချာခံစားပေးရပါမယ်။


Chakras တွေ တရားထိုင်ချိန်မှာ

မိမိရဲ့ အတွင်းထဲက ရှင်းရမယ့် Shadows နှင့် Negative Energy တွေကို ထိတွေ့သိရှိချိန်မှာ သက်တောင့်သက်သာမဖြစ်တာကို စိတ်ပူစရာမလိုပါဘူး။

Chakras တခုချင်း စွမ်းအင်တက်လာချိန်မှာ အချင်းချင်းလည်း ဟန်ချက်ညီအောင် ပြန်ညှိပေးရပါတယ်။

ဒါတွေက ကိုယ်ဘာမှ မသိလည်း ကိုယ်သာပုံမှန်တရားထိုင်နေရင် သူ့ဘာသူ အဆင့်ဆင့်ဖြစ်ပေါ်နေပါတယ်။


Kundalini စွမ်းအင် နိုးကြားလာချိန်မှာ လည်း အတူတူပါပဲ။ ကိုယ်ခန္ဓာ ထူးခြားဖြစ်စဉ်တွေ၊ အိပ်မက်တွေ ဟာ ရှေ့ပြေးနိမိတ်လည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့် ကိုယ့်အထဲက သိမ်းထားမိတဲ့ အရာတွေကို အရင်တွေ့ရတာများပါတယ်။

ဥပမာ အိပ်မက်မှာ တွေ့ရတဲ့ တစုံတခုဟာ ကိုယ့်ရဲ့ ရှောင်နေတဲ့ကြောက်ရွံ့မှု ဖြစ်နိုင်တယ်။

အဲဒါတွေ ကျော်ဖြတ်ပြီးမှ Collective ကို ဆက်သိတယ်။

အခြားအဆင့်တွေ ဆက်လက်ဖြစ်ပေါ်ပါတယ်။

Kundalini နိုးကြားခြင်း အဆင့်တွေ ရှိပေမယ့် ဒါက ယေဘုယျဆန်လို့ မရေးတော့ပါဘူး။

တယောက်နဲ့ တယောက်ရဲ့ ရှင်းရမယ့် Soul ရဲ့ဒဏ်ရာ၊ Karmic ကံကြွေး၊ Chakras အားသာချက်တွေ မတူနိုင်လို့ အတွေ့အကြုံချင်းလည်း တူချင်မှတူမှာပါ။


ဘယ်တရားပဲကျင့်ကျင့် ဇောချရမယ်။

တရားကျင့်နေရင်း ဖုံးထားရာကနေထွက်လာတဲ့ ကိုယ့်ရဲ့အထုံမျိုးစေ့ကို အမိအရသိအောင် သတိကပ်ထားရမယ်။

တချို့က တရားထိုင်ရင်း တရားလိုချင်စိတ်နဲ့ ဇောကပ်တာ၊ တချို့က တရားကို မာနတက်တာ၊ တချို့က ငါသိနေရတာတွေ ဟုတ်ရဲ့လား ဝေဝါးမိတာ ဒါတွေက ကိုယ်ရှင်းရမယ့် ကိုယ့်အထုံမျိုးစေ့တွေပါ။

ရှင်းနည်းက စိတ်ကိုအေးနေအောင် အသက်အရင်ရှူ။ သေချာ ထိုင်ကြည့်ပေးရပါမယ်။ ပြီးရင် တွေ့ရတဲ့ Chakra နေရာကနေ ဖယ်ရှားလိုက်ရုံပါပဲ။

အထုံမျိုးစေ့မှာ ကောင်းတာတွေလည်း အများကြီးပါလာပါတယ်။ အဲဒါတွေကို ပါးနပ်စွာအသုံးချပြီး ဆက်လက်ကျင့်ကြံရမှာဖြစ်ပါတယ်။

ဥပမာ ကိုယ်အားကောင်းတဲ့ Chakra ကနေ အခြား Chakras တွေဆီ Energy ဖြန့်ပေးတာမျိုးပေါ့။


အချုပ်ပြောရရင် Kundalini နှင့် Chakras တွေသည် ရုပ်ခန္ဓာ နှင့် စိတ်ခန္ဓာ ပွင့်လန်းစေရန် ထင်ရှားသော တံခါးပေါက်တွေဖြစ်ပါတယ်။

အဲဒီကနေ ဆက်သွားရင် အတွင်းထဲက Pure Spirit ကိုယ်ရဲ့အသန့်စင်ဆုံးဝိညာဉ်ကို တွေ့ရှိရမှာဖြစ်ပါတယ်။


 
 
 

Recent Posts

See All
Untitled

"သင်မပျော်တဲ့ အလုပ်ကနေ ရတဲ့ ဝင်ငွေကို ဘယ်လို အသွင်ပြောင်းမလဲ" ဂျပန်စာရေးဆရာ Ken Honda ရဲ့ ကျော်ကြားလှတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲမှာ Happy Money နဲ့ Unhapy Money ကို သူက ခွဲခြားပြထားတယ်။ Unhappy Mo

 
 
 
BE GRATEFUL FOR EVERYTHING!

"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါ" BE GRATEFUL FOR EVERYTHING! WWP Program ရဲ့ Financial Wellness Week မှာ ဂျပန်စာရေးဆရာ Ken Honda ရဲ့ အရမ်းကျော်ကြားတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲက Theory တွေ ပြောဖြစ်ခ

 
 
 
"Mindful Eating" နှင့် "Intuitive Eating"

"Mindful Eating" နှင့် "Intuitive Eating" "Intuitive Eating" ခန္ဓာကိုယ်၏ သဘာဝအချက်ပြမှုများကို နားထောင်လိုက်နာပြီး စားသောက်တဲ့ပုံစံ ဖြစ်ပါတယ်။ "Mindful Eating" စားသောက်နေချိန်မှာ အပြည့်အဝ သတိရှိစွာ အာ

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page