top of page
Search

Eco-Mindfulness

Mar 14
1 min read

"Eco-mindfulness" သဘာဝအခြေပြု သတိကပ်ခြင်းဆိုတာ

"Mindfulness" သတိကပ်နေထိုင်ခြင်း နဲ့

တူညီသော အကျိုးကျေးဇူးတွေ ရှိရုံသာမက

ပိုသာလွန်သော ထူးခြားချက်လေးတွေလည်း ရှိနေပါတယ်။


Eco-Mindfulness မှာ Mindfulness ရဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့

🧿 စိတ်ဖိစီးမှု လျော့ကျခြင်း၊

🧿 စိုးရိမ်ပူပန်မှုများကို လျော့ကျစေခြင်း၊

🧿 မိမိကိုယ်ကို ပိုမိုသိမြင်လာခြင်း၊

🧿 အာရုံစူးစိုက်မှု ကောင်းမွန်ခြင်း၊

🧿 စိတ်ခံစားချက်များကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းတို့ကို

ရရှိရုံသာမက


🌿 မိမိနှင့် ပြင်ပကမ္ဘာကြီးဟာ သတ်သတ်စီမဟုတ်ဘူး ဆိုတာသိမြင်လာတယ်။

🌿 မိမိကိုယ်ကို တစ်ဦးတည်းဟု မခံစားရဘဲ ကမ္ဘာမြေနှင့် သက်ရှိလောကကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံစားရစေတယ်။

🌿 အထီးကျန်မှုကို လျော့ကျစေတယ်။

🌿 သဘာဝရဲ့ ကျေးငှက်လေးတွေ တိရစ္ဆာန်လေးတွေကို ပိုမိုချစ်တတ်လာမယ်။

🌿 သဘာဝတရား၏ အလှတရားနှင့် အဖိုးတန်မှုကို မြင်လာရသဖြင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုချစ်ခင် မြတ်နိုးလာသောကြောင့် နူးညံ့မှုကြင်နာမှုတွေ အလိုလိုဖြစ်ပေါ်လာတယ်။

🌿 စာနာနားလည်မှု ပိုမိုအားကောင်းလာပါတယ်။

🌿 သဘာဝလေကောင်းလေသန့်နှင့် စိမ်းလန်းစိုပြေမှုကို ခံစားရခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်လန်းဆန်းခြင်း၊ သွေးခုန်နှုန်းကိုထိန်းညှိပေးခြင်း နှင့် ကိုယ်ခံအားစနစ် တိုးတက်ခြင်းတို့ကို ရရှိစေသည်။

🌿 ရာသီဥတုပြောင်းလဲမှု သို့မဟုတ် သဘာဝဘေးဒဏ်ကို ကြောက်ရွံ့စိုးရိမ်မှု "Eco-Anxiety" ကိုလည်း သဘာဝက ပြန်ကုစားပေးနိုင်ပါတယ်။ သဘာဝတရားနှင့် တသားတည်းနေထိုင်ခြင်းဖြင့် ငြိမ်းချမ်းစေပြီး သဘာဝကို ယုံကြည်ချစ်ခင်မှုတွေ ပြန်ရရှိလာမှာပါ။


Mindfulness မှာ အမြဲပြုလုပ်နေကြ 5, 4, 3, 2, 1 Grounding Exercise ကို

သဘာဝထဲမှာ လုပ်ကြည့်ရင် ဘာပိုထူးပါသလဲ စမ်းသပ်ကြည့်ရအောင်။


သဘာဝရင်ခွင်ထဲမှာ အာရုံငါးပါးနှင့် စိတ်အပန်းဖြေခြင်းပြုလုပ်ကြည့်ပါ။


🐞မြင်တွေ့ရသော အပြစ်ကင်းတဲ့ သဘာဝအလှအပတွေ၊ သစ်ပင်သစ်တောများ၊ အရောင်အသွေးစုံလင်သော ပန်းမာန်များနှင့် ကောင်းကင်ပြာထက်က နေရောင်ခြည်နွေးနွေး၊ရသဘာဝကျေးငှက်တိရစ္ဆာန်လေးများကို စိတ်ဝင်တစား စူးစမ်းစောင့်ကြည့်ပါ။


🍃သစ်ရွက်များ၊ ပန်းများ၊ သစ်ပင်များ၏ အခေါက်၊ မြက်ခင်းပြင်၏ နုညံ့မှုနှင့် မြေကြီး၏ အထိအတွေ့ကို ခံစားကြည့်ပါ။


🐝သဘာဝထဲက ငှက်ကလေးများ၏ တေးဆိုသံ၊ စမ်းရေစီးသံနှင့် လေတိုးသံ စသည်တို့ကို အာရုံစိုက်နားထောင်ကြည့်ပါ။


🌺ပန်းရနံ့များ၊ သစ်တော၏ လတ်ဆတ်သော လေရနံ့၊ ကန်ရေပြင်ကိုဖြတ်တိုက်လာသော လေရနဲ့၊ မြေကြီးရနံ့တို့ကို ရှူရှိုက်အာရုံခံစားကြည့်ပါ။


🍋သဘာဝအသီအနှံတခုခုကို အလောတကြီး မဟုတ်ဘဲ တစ်လုတ်ချင်း အရသာခံ စားသုံးကြည့်ပါ။


သဘာဝတရားဟာ သင့်ရဲ့ စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ အကောင်းဆုံး ကုထုံးပါပဲ။

Nature ကြောင့်ပဲ Healing ဖြစ်ပေါ်စေပါတယ်။


သဘာဝတရားထဲမှာ 5, 4, 3, 2, 1 နဲ့ နစ်မြုပ်ပျော်ဝင်စေပြီး အေးချမ်းစွာဖြင့်

ခွန်အားပြန်လည်ဖြည့်လိုက်ကြပါစို့။


 
 
 

Recent Posts

See All
Untitled

"သင်မပျော်တဲ့ အလုပ်ကနေ ရတဲ့ ဝင်ငွေကို ဘယ်လို အသွင်ပြောင်းမလဲ" ဂျပန်စာရေးဆရာ Ken Honda ရဲ့ ကျော်ကြားလှတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲမှာ Happy Money နဲ့ Unhapy Money ကို သူက ခွဲခြားပြထားတယ်။ Unhappy Mo

 
 
 
BE GRATEFUL FOR EVERYTHING!

"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါ" BE GRATEFUL FOR EVERYTHING! WWP Program ရဲ့ Financial Wellness Week မှာ ဂျပန်စာရေးဆရာ Ken Honda ရဲ့ အရမ်းကျော်ကြားတဲ့ Happy Money ဆိုတဲ့ စာအုပ်ထဲက Theory တွေ ပြောဖြစ်ခ

 
 
 
"Mindful Eating" နှင့် "Intuitive Eating"

"Mindful Eating" နှင့် "Intuitive Eating" "Intuitive Eating" ခန္ဓာကိုယ်၏ သဘာဝအချက်ပြမှုများကို နားထောင်လိုက်နာပြီး စားသောက်တဲ့ပုံစံ ဖြစ်ပါတယ်။ "Mindful Eating" စားသောက်နေချိန်မှာ အပြည့်အဝ သတိရှိစွာ အာ

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page