top of page
Search

🌎 အနာဂတ်ဆီက အသံနဲ့ ပစ္စုပ္ပန်ရဲ့ လက်ဆောင်



လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ သာယာတဲ့သံစဉ်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။

သစ်တောတွေရဲ့ တိုးတိုးဖွဖွ ရေရွတ်သံ၊ မြစ်ရေတွေရဲ့ တသွင်သွင်စီးဆင်းသံတွေဟာ ကမ္ဘာကြီးရဲ့ သီချင်းတစ်ပုဒ်လိုပါပဲ။

ဒါပေမဲ့ တိုးတက်မှုရဲနောက်ဆက်တွဲအနေနဲ မြို့ပြတွေရဲ့ ဆူညံသံတွေကြားမှာ အဲဒီ သဘာဝသီချင်းသံတွေဟာ တဖြည်းဖြည်း တိုးမှိန်လာခဲ့ရတယ်။


Our Power, Our Planet


၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာတော့ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ လက်ထဲမှာ "စွမ်းအား" (Power) တစ်ခုရှိနေတယ်ဆိုတာကို ပြန်လည်သတိရဖို့ အချိန်တန်ပါပြီ။ အဲဒီစွမ်းအားဟာ တခြားမဟုတ်ပါဘူး... ကျွန်တော်တို့ရဲ့ "ရွေးချယ်မှု" တွေပါပဲ။


🌿 သစ်ပင်တစ်ပင်နဲ့ စတင်ခဲ့တဲ့ စကားဝိုင်း


တစ်နေ့မှာ ကလေးငယ်တစ်ယောက်က သူ့အဖိုးကို မေးတယ်။

"အဖိုး... ကမ္ဘာကြီးကို ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ" တဲ့။

အဖိုးဖြစ်သူက မြက်ခင်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး မြေကြီးကို လက်နဲ့အသာအယာ ပွတ်သပ်

ရင်း ပြန်ပြောတယ်။


"မြေကြီးရဲ့ အေးမြမှုကို ခံစားကြည့်စမ်း မြေးလေး...

ဒါဟာ ကမ္ဘာကြီးက ငါတို့ကို ပြန်ပေးတဲ့ မေတ္တာပဲ။

ငါတို့ အသက်ရှူနေတဲ့ လေထုထဲမှာ သစ်ပင်တွေရဲ့ အနစ်နာခံမှုတွေ ပါဝင်နေတယ်။ သဘာဝတရားကို ချစ်တယ်ဆိုတာ သူတို့ရဲ့ အသံကို နားထောင်တတ်တာကနေ စတာပဲ" တဲ့။


ဒါဟာ Eco-Mindfulness ပါပဲ။

ကျွန်တော်တို့ရဲ့ အသိစိတ်ထဲမှာ သဘာဝတရားနဲ့ ပြန်လည်ချိတ်ဆက်လိုက်တဲ့အခါ ကမ္ဘာမြေကို ကာကွယ်ချင်စိတ်ဟာ တာဝန်တစ်ခုထက်စာရင် "ချစ်ခြင်းမေတ္တာ" တစ်ခု ဖြစ်လာပါတယ်။


🐾 လမ်းပျောက်နေတဲ့ ဧည့်သည်တော်များ


ကျွန်တော်တို့ရဲ့ မြို့ပြတွေ တိုးချဲ့လာတဲ့အခါ တောရိုင်းတိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ အိမ်တွေကို ဆုံးရှုံးခဲ့ရပါတယ်။

စဉ်းစားကြည့်ပါ... သင်ဟာ ကိုယ့်အိမ်ကို ပြန်ဖို့ လမ်းမရှိတော့တဲ့ ဧည့်သည်တစ်ယောက် ဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းမလဲ။


မြို့ပြတွေ၊ လမ်းမကြီးတွေနဲ့ စိုက်ပျိုးရေးမြေတွေကြောင့်

တောအုပ်တွေဟာ တစ်စစီ ပြတ်တောက်သွားတတ်ပါတယ်။ (Wildlife Habitat Fragmentation)။

Animal Corridors ဆိုတာ အဲဒီလို ပြတ်တောက်နေတဲ့ တောအုပ် (၂) ခုကို

ပြန်လည်ဆက်သွယ်ပေးတဲ့ သဘာဝတံတား ဒါမှမဟုတ် လမ်းကြောင်းငယ်လေးတွေ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Animal Corridors (တိရစ္ဆာန်စင်္ကြံများ) ဟာ အရေးကြီးလာတာပါ။


ကျွန်တော်တို့ စိုက်ပျိုးလိုက်တဲ့ ဒေသမျိုးရင်း သစ်ပင်တစ်ပင်ဟာ ပျားလေးတစ်ကောင်အတွက် နားခိုရာ ဖြစ်နိုင်သလို၊ လိပ်ပြာလေးတစ်ကောင်အတွက် လမ်းညွှန်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဖန်တီးပေးတဲ့ စိမ်းလန်းစိုပြည်တဲ့ လမ်းကြောင်းလေးတွေကနေတစ်ဆင့် သဘာဝတရားရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေဟာ သူတို့ရဲ့ အိမ်ကို ပြန်နိုင်ကြမှာပါ။


🐛သေးငယ်တဲ့ အပြောင်းအလဲ၊ ကြီးမားတဲ့ ရိုက်ခတ်မှု


တစ်ခါသုံး ပလတ်စတစ်အိတ်တစ်လုံးကို ငြင်းပယ်လိုက်တဲ့အခါ၊

မလိုအပ်တဲ့ မီးခလုတ်တစ်ခုကို ပိတ်လိုက်တဲ့အခါ ကျွန်တော်တို့ဟာ သူရဲကောင်းတစ်

ယောက်လို ကမ္ဘာကြီးကို ကယ်တင်နေတာပါ။

ပင်လယ်ထဲက လိပ်ကလေးတစ်ကောင်ရဲ့ အသက်ကို ကယ်လိုက်တာ ဖြစ်နိုင်သလို၊ အရည်ပျော်နေတဲ့ ရေခဲတောင်တွေကိုလည်း ခေတ္တရပ်တန့်စေနိုင်ပါတယ်။

ဒီသေးငယ်တဲ့ အလေ့အကျင့်လေးတွေဟာ စုစည်းလိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးကို ကုစားပေးနိုင်မယ့် "စွမ်းအားကြီး" တစ်ခု ဖြစ်လာပါတယ်။


✨ နောင်လာနောက်သားများအတွက် ကတိစကား


တကယ်တော့ ဒီကမ္ဘာမြေဟာ ကျွန်တော်တို့ ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေဆီက ခေတ္တငှားရမ်း သုံးစွဲနေတာပါ။ သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါမှာလည်း စိမ်းလန်းတဲ့ သစ်တောတွေ၊ ကြည်လင်တဲ့ ရေပြင်တွေကို မြင်တွေ့ခွင့်ရဖို့ဆိုတာ ဒီနေ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်နေပါတယ်။


🌎 Our Power, Our Planet 🌎


"ငါတို့ရဲ့စွမ်းအား၊ ငါတို့ရဲ့ကမ္ဘာမြေ" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း...


၂၀၂၆ ခုနှစ်ရဲ့ ဧပြီလ ၂၂


ကမ္ဘာ့မြေနေ့မှာ ကျွန်တော် တို့အားလုံး လက်ချင်းချိတ်လိုက်ကြရအောင်။


"သင်ဟာ မျိုးစေ့လေးတစ်စေ့ ဖြစ်နိုင်သလို၊ အဲဒီမျိုးစေ့ကို ရှင်သန်အောင် လုပ်ပေးမယ့် နေရောင်ခြည်လည်း ဖြစ်နိုင်ပါတယ်။"


ကျွန်ုပ်တို့အားလုံးဟာ ဒီကမ္ဘာမြေရဲ့ ကံကြမ္မာကို ရေးဆွဲသူ (The Soul Cartographers) တွေပါ။


ကျွန်တော်တို့မှာရှိတဲ့ စွမ်းအားနဲ့ ကမ္ဘာမြေကြီးကို ပြန်လည်စိမ်းလန်းစိုပြည်အောင် ဖန်တီးရင်း၊ နောင်လာနောက်သားတွေအတွက် အလှပဆုံးသော အနာဂတ်တစ်ခုကို အမွေပေးခဲ့ကြပါစို့။


 
 
 

Recent Posts

See All
ပတ်ဝန်းကျင်ဖိအားတွေရဲ့အကြား စိတ်အကြည်ဓာတ် ကို ဘယ်လို ထိန်းမလဲ?

Inner Peace လို့ခေါ်တဲ့ စိတ်အကြည်ဓာတ်ကို မွေးဖွားနိုင်ဖို့ဆိုတာ လေ့လာမှတ်သားသင်ယူရတဲ့ ပညာ တခုလည်း ဖြစ်သလို၊ လက်တွေ့လုပ်ဆောင်နိုင်ရန် လေ့ကျင့်ရတဲ့ Skill အရည်အသွေး တခုလည်း ဖြစ်ပါတယ်။ စိတ်အကြည်ဓာတ်က အရေး

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page