top of page
Search

Energy သန့်စင်စေခြင်း

Energy Cleanse လုပ်တယ် (စွမ်းအင်ကိုသန့်စင်စေတယ်) ဆိုတဲ့အသုံးအနှုန်းကို ရင်းနှီးကျွမ်းဝင်ပြီးသူတွေများပါတယ်။ ပစ္စည်းတခုမှာ ကောင်းတဲ့ Energy ပါလာတယ်၊ မကောင်းတဲ့ Energy ပါလာတယ်။ နေရာတခုရောက်သွားရင် အဲဒီနေရာက Energy သန့်တယ် မသန့်ဘူး စသည်ဖြင့် ခံစားရတယ်။ အဲဒီပစ္စည်းကို ဘယ်လိုလူမျိုးကပိုင်ဆိုင်ခဲ့တာလဲ?

ဘယ်လိုလူမျိုးက ဖန်တီးခဲ့တာလဲ ? အဲဒီနေရာမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ? ဘယ်လိုခံစားချက်တွေ ဖုံးလွှမ်းခံခဲ့ရတာလဲ? Energy ဆိုတာ ဘယ်နေရာကနေ အဓိကလာနေတာပါလဲ?  လူတွေ၊ ပစ္စည်းတွေ၊ ပတ်ဝန်းကျင်တွေ၊ နေရာတွေ၊ သက်ရှိသက်မဲ့တွေမှာ Energy ဘာလို့မတူတာလဲ? ဘာလို့ ပြောင်းလဲနိုင်တာလဲ?

အဖြေက ရိုးရှင်းပါတယ်။ စိတ်ခံစားချက်တွေက အဓိကပါပဲ။

ခေတ္တခဏပဲဖြစ်ဖြစ် ပြင်းထန်တဲ့ Emotion စိတ်ခံစားချက်ဟာ Energy ကို ပြောင်းသွားစေတယ်။ အဲဒီ စိတ်ခံစားချက်ဟာ သင့်ရဲ့ Energy Frequency (Vibration) လှိုင်း တွေဖြစ်လာတယ်။ အဲဒီလှိုင်းတွေဟာ တခြားသူတွေဆီ နေရာတွေဆီ ပစ္စည်းတွေဆီကိုပါ ရောက်သွားနိုင်ပါတယ်။ ရုတ်တရက် ပြင်းထန်သော စိတ်ခံစားချက်သာမက

နေ့စဉ်ကိုယ့်ရဲ့စိတ်ထဲမှာသိမ်းဆည်းထားမိနေတဲ့ တစစ စုပုံနေသော ခံစားချက်တွေကလည်း

Energy အဖြစ်နဲ့ သင့်ကိုယ်ထဲမှာရှိနေတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်ကို ဖြန့်ကျက်လို့နေပါတယ်။

ကိုယ်က တစုံတယောက်နဲ့ အတူ ရှိနေခဲ့တယ်။ သူ့ရဲ့ Energy ကောင်းရင် ကိုယ့်အတွက်နေလို့သက်တောင့်သက်သာအလွန်ရှိနေတာမျိုး ဖြစ်ဖူးကြတယ်။

ကိုယ်တွေ့ဆုံခဲ့သူရဲ့ Energy မကောင်းဘူး လေးလံနေခဲ့မယ်ဆိုရင်လည်းဒီအတိုင်းပဲပေါ့

လေးလံလာမယ်။ စိတ်တွေညစ်နွမ်းလာမယ်။

တခြားသူတွေ ဆီကလာနေသော Vibration တွေ၊ နေရာ နဲ့ ပစ္စည်းတွေရဲ့ Vibration တွေ Energy တွေကို သတိပြုပြီး ကောင်းတာကို ယူသုံးနိုင်သလို မကောင်းတာကို ယူမသုံးမိအောင်

စထဲက မဆွဲငင်မိအောင် နေသင့်ပါတယ်။ ဆွဲငင်မိသွားရင် ယူလိုက်မိရင်တော့ ကိုယ်ရဲ့ Energy ကို ပြန်သန့်ရှင်းပေးဖို့လိုလာပါတယ်။ Energy နိမ့်မြင့်တက်ကျ အတွက် စိတ်ခံစားချက်က အဓိကသော့ချက်ပဲ စိတ်ကို အမြဲသိနေရမယ်။ စိတ်ခံစားချက် (Emotion) က Energy ပြောင်းလဲရုံသာမက Karmic ကံတွေကိုပါ အသစ်ဖြစ်စေနိုင်တယ်။ ဒါ့အပြင် Frequency တူတဲ့ ကံအဟောင်းကိုပါ ဆွဲငင်နိုင်တယ်။ (Karmic Alchemy မှာ အဲဒီအချက်ကိုပဲ ကျမ သုံးပေးထားတာပါ) Energy တွေက ပြောင်းတယ်ဆိုတာလည်း စိတ်ခံစားချက်ကနေ ဗဟိုပြုတာပါပဲ စိတ်ရဲ့သဘာဝကို ဆက်တိုက်ထိန်းထားနိုင်ဖို့ပဲ ခက်တယ်။

ဒါကိုကလည်း သဘာဝပဲမို့ လက်မခံနိုင်စရာ ငြင်းပယ်စရာမဟုတ်ပါဘူး။

ကြိုးတန်းလမ်းလျှောက်သလို သတိကပ် ဆက်သွားနေဖို့ပဲလိုတာပါ။ လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ စွမ်းအင်သန့်စင် Energy Cleanse လုပ်နိုင်မယ့် နည်းလမ်းလေးတွေဆက်ရေးပေးပါမယ်။ ဒီနည်းလမ်းတွေက Energy ကိုရော စိတ်ခံစားချက်ကိုပါ ပြောင်းလဲစေပါလိမ့်မယ်။

ရေဖြင့် Energy သန့်စင်ခြင်း (Shower Ritual)

Shower Ritual (ရေဖြင့် အစီအရင်ပြုခြင်း) ဖြစ်ပါတယ်။ ရေနွေး နှင့် ရေအေး ၂ မျိုးလိုပါတယ်။ ရေနွေးကိုအရင်အသုံးပြုပြီး ခြေထောက်မှ ဦးခေါင်း တဆင့်ချင်း ရေချိုးရပါမယ်။ ရေပန်းအောက် သို့မဟုတ် ရေခွက်ဖြင့်လည်း ရပါတယ်။ ခန္ဓာကိုယ်ပေါ် ရေစီးဆင်းနေစဉ်မှာ ညစ်နွမ်းပူလောင်သောစိတ်ခံစားမှုများ၊ တင်းကြပ်မှုများ၊ ကပ်ပါလာသော Negative Energy များ အားလုံး ရေနှင့်အတူ သန့်စင်သွားပြီဟု သိနေပေးပါ။ ရေနွေးဖြင့် သန့်စင်ပြီးပါက ရေအေးဖြင့် ထိုနည်းအတိုင်း ထပ်ချိုးပါ။ အဆုံးတွင် ရေခွက်ထဲကို ပန်းပွင့်ဖတ် အနည်းငယ် သို့မဟုတ် ရေမွှေးအနည်းငယ်ဖြန်းပြီး ဦးခေါင်းမှ လောင်းချိုးပြီး ကိုယ်ရောင်ဝါ Aura ကို လန်းဆန်းပွင့်လန်းစေနိုင်ပါတယ်။ (ရေနွေးနေရာတွင် ဆားရည် သုံးလည်းရပါတယ်)

ဆားရေစိမ်ခြင်း (Small Ocean Meditation)

ရေချိုးကန်ထဲတွင် တကိုယ်လုံးဆားရေစိမ်ခြင်း သို့မဟုတ် ရေနွေးစိမ်ခြင်း ပြုလုပ်ပြီး Energy သန့်စင်နိုင်သလို ခြေထောက်များကို ဆားရည်စိမ်ပြီး အသက်ရှူထုတ်လိုက်တိုင်း  Negative Energy များ၊ ညစ်နွမ်းပူလောင်သောစိတ်ခံစားမှုများကို ဆားရည်မှ ဆွဲထုတ်ပေးနေတာကို သိနေပေးပါ။ "Small Ocean Meditation" လို့ခေါ်လည်းရပါတယ်။

မီးဖြင့် သန့်စင်ခြင်း

အဖြူရောင် ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းပါ။ ပိတ်ဆို့နေသော၊ လေးလံသော သို့မဟုတ် ပင်ပန်းနွမ်းနယ်နေသောစိတ်ခံစားချက်များ၊ Negative Energy များကို မီးတောက်မှလောင်ကျွမ်းသွားစေပြီး မိမိတကိုယ်လုံးကို သန့်စင်ပေးသွားသည်ကို သိနေပေးရပါမယ်။

အရေအတွက်သတ်မှတ်အသက်ရှူခြင်း

Energy အမြန်သန့်စင်ရန် လိုအပ်သောအချိန်တွင် နေရာမရွေးသုံးနိုင်ပြီး အစွမ်းထက်ပါတယ်။ အသက်ရှူသွင်းချိန်တွင် ၁ မှ ၎ ရေတွက်ပါ။ ၁ မှ ၂ ရေတွက်ပြီး အသက်အောင့်ပါ။ ၁ မှ ၆ ချက်ရေတွက်ပြီး အသက်ရှူထုတ်ပါ။ ရှူထုတ်လိုက်တိုင်း Negative Energy များ ပါသွားတာကို သိပေးပါ။ ၉ ကြိမ် ဆက်တိုက် စိတ်မပျံ့လွင့်စေဘဲ ပြုလုပ်ရပါမယ်။

ပြီးလျှင် ရွှေရောင်အလင်းတန်းများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး မလိုလားအပ်သော Energy များကို သန့်စင်ပေးသွားပြီး မိမိ ကိုယ်ရောင်ဝါ လင်းလက်လှပနေတာကို သိပေးရပါမယ်။

ပန်းများဖြင့် Energy သန့်စင်ခြင်း

အလွန်ရိုးရှင်းလွယ်ကူပါတယ်။ မွှေးသောရနံ့ရှိတဲ့ပန်းဖြစ်ရပါမယ်။ အခန်းထဲမှာ အိပ်ရာမှာ လိုအပ်သောနေရာမှာ ထားပေးထားရုံပါပဲ။

 

သဘာဝနှင့် ချိတ်ဆက် သန့်စင်ခြင်း (Nature Grounding)

မြက်ခင်း သို့မဟုတ် မြေကြီးပေါ်တွင် ခြေဗလာဖြင့်ရပ်နေပြီး Negative Energy များ Negative Emotion များ အခက်အခဲအဖြစ်အပျက်များကို Mother Earth ကမ္ဘာမြေကြီးဆီကို ကျေးဇူးတင်စွာနဲ့ ဖြေလျော့ပေးလိုက်ပါ။ သစ်ပင်တစ်ပင်ကို ထိပြီး အပင်နှင့်အတူ အသက်ရှူပါ။

အသံဖြင့် သန့်စင်ခြင်း

အလွယ်ကူဆုံးနည်းကတော့ လက်ခုပ်ကို တချက်ချင်း ထိထိမိမိတီးတာပါပဲ

လက်ခုပ်တချက်တီးတိုင်း မကောင်းသောဓာတ်များ ပြိုကွဲသွားပြီး လွင့်စင်ထွက်သွားတာကို သိနေပါ။ နောက်တနည်းက Humm ဟူသောအသံကို ပြုလုပ်ပြီး ထိုအသံ၏လှိုင်းဖြင့် Negative Energy များ ပြိုကွဲသွားတာကို သိပေးရပါမယ်။

နောက်ထပ်တနည်းကတော့ ခေါင်းလောင်းသံပါ။

အိမ်အနှံ့ မိမိခန္ဓာကိုယ်ပတ်လည်အနှံ့ ခေါင်းလောင်းလေးတီးခတ်ပေးပြီး Energy သန့်စင်ခြင်းပြုလုပ်နိုင်ပါတယ်။

Crystal ကျောက်များဖြင့် သန့်စင်ခြင်း

စီလီနိုက် (Selenite) ကြည်လင်သော သလင်းကျောက် (Clear quartz)

စသည်တို့ကို အနီးအနား မှာ ထားပေးနိုင်တယ်။ ဝတ်ဆင်နိုင်ပါတယ်။ Aura ကိုယ်ရောင်ဝါကို လင်းလက်စေပါတယ်။

Energy ကို ပုံမှန် ထိန်းသိမ်းနိုင်စေရန်

ရေများများသောက်ပါ။ ရေသောက်တိုင်း Energy သန့်စင်ပေးနေသည်ဟု သိနေပေးပါ။

အာရုံကြောစနစ်ကို မကြာခဏ အနားပေးပါ (တတ်နိုင်သမျှ အတွေးကိုရပ်တန့်ပါ။

၁ နာရီခြား တခါ ၃ မိနစ်ခန့် တိတ်ဆိတ်စွာအသက်ရှူပြီး အတွေးကိုနားနားပေးပါ။)

ပူလောင်လေးလံညစ်နွမ်းမှုများ၊ သက်တောင့်သက်သာမဖြစ်မှုများတွေ့တိုင်း ညင်သာစွာဖြေလျော့ပါ။

“My energy is my home.

I cleanse, I restore, I shine.

All that is not mine is released.

My heart returns to peace."

"ကိုယ့်ရဲ့ Energy ဆိုတာ ကိုယ့်ရဲ့အိမ်ပါပဲ

သန့်ရှင်းပေးရမယ်, ပြန်လည်ပြုပြင်ပေးရမယ်, တောက်ပအောင်ထားရပါမယ်

ကိုယ့်အိမ်နဲ့မဆိုင်တဲ့ အမှိုက်မှန်သမျှ စွန့်ပစ်ပေးရပါမယ် ကိုယ့်ရဲ့နှလုံးသားအိမ်ကို အေးမြခြင်းဖြင့် ငြိမ်သက်နေပါစေ" ဒီစာမှာ သန့်စင်ပေးသော Energy ကို ပန်းများနှင့်အတူ ထည့်ပေးလိုက်ပါတယ်။

"ကြည်ကြပါစေ

လင်းကြပါစေ

အေးကြပါစေရှင့်"

Namaste


 
 
 

Recent Posts

See All
🌿Spiritual Diet (ဝိညာဉ်ရေးရာ အာဟာရစားသောက်မှုပုံစံ) 🌿

Spiritual သမားတွေ ဘာတွေစားကြသလဲ တဲ့ စိတ်ဝင်စားစရာပဲနော်။ Spiritual Diet ဆိုတာ ဝိညာဉ်ရေးရာ ကြည်လင်မှု (Spiritual Clarity)၊ စွမ်းအင်ကုထုံး (Energy Healing)၊ သဘာဝတရားနဲ့ ဆက်သွယ်မှု (Nature-connection) နဲ

 
 
 
"မိမိကိုယ်ကို ပြန်လည်စားသုံးခြင်း" "Self Eating သို့မဟုတ် Autophagy" "Spiritual Fasting Ritual"

Ouroboro Symbol နဲ့ ချိတ်ဆက်မိချိန်မှာ Transformation တခုရှိမှန်းသိခဲ့တယ် ရလာတဲ့ Message က မိမိကိုယ်ကို ပြန်လည်စားသုံးခြင်း "Autophagy" တဲ့။ ဆိုတော့ကာ Autophagy ဆိုတာ ဘာပါလဲ? Autophagy ဆိုတာ ခန္ဓာကို

 
 
 
"Reiki"

Reiki ဆိုတာ 1920 မှာ ဂျပန်လူမျိုး Mikao Usui ဆိုတဲ့ Sensei ဆရာကြီးတယောက်က စတင်ခဲ့တဲ့ Spiritual Healing ပညာ တခုပါ။ Bio-magnetic energy/ Universal Life Force Energy ကို Healer မှ Healing ခံယူသူအတွက်ယူဆေ

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page