"Stone Meditation" (သဘာဝကျောက်တုံးလေးဖြင့် တရားထိုင်ခြင်း)
- Khaing Mon Nwe
- May 27
- 1 min read
"Stone Meditation" ဖြင့် သဘာဝရဲ့တည်ငြိမ်ခြင်းကို မိမိကိုယ်ထဲမှာ ရှာဖွေကြည့်ကြရအောင်။
"Stone Meditation" ဟာ
စိတ်အတွေးတွေနောက်ပါမသွားဘဲ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကိုတည်ငြိမ်သတိကပ်နိုင်စေဖို့ Grounded ဖြစ်စေဖို့အတွက် အထူးကောင်းမွန်လှပါတယ်။
ကျောက်ခဲလေးတလုံးပဲဆိုပေမယ့်
ကမ္ဘာမြေကြီးရဲ့ သက်တမ်းအတိုင်း ဖြစ်တည်နေတယ်။
ခိုင်မာမှုနဲ့ တည်ငြိမ်မှုတွေကို ကိုယ်စားပြုနေပါတယ်။
🧿 တရားထိုင်နည်း 🧿
🔸လက်ထဲမှာ ကိုင်ထားလို့ အဆင်ပြေမယ့် ကျောက်ခဲလေးတစ်လုံး (သို့မဟုတ် သဘာဝ Crystal လေးတစ်ခု) ကို ရွေးချယ်ပါ။
🔸သက်တောင့်သက်သာလေး ထိုင်ပါ။
🔸ခါးကို မတ်မတ်ထားပြီး ခန္ဓာကိုယ်တခုလုံးကို လျှော့ချထားပါ။
🔸ကျောက်ခဲလေးကို မိမိရဲ့ လက်ဖဝါးပေါ်မှာ အသာအယာ တင်ထားပါ (သို့မဟုတ်) လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားပါ။
🔸မျက်လုံးကို အသာအယာပိတ်ပြီး ဝင်လေထွက်လေကို ပုံမှန်အတိုင်း ရှူသွင်းရှူထုတ် လုပ်ပါ။
🔸လက်ထဲမှာရှိနေတဲ့ ကျောက်ခဲရဲ့ အလေးချိန်၊ အထိအတွေ့ကို သတိပြုကြည့်ပါ။
လက်ရှိအချိန်မှာ ကျောက်ခဲရဲ့ အပူအအေးက ဘယ်လိုရှိသလဲ?
ကိုင်ထားရင်းနဲ့ သင့်ခန္ဓာကိုယ်အပူချိန်ကြောင့် ကျောက်ခဲအပူချိန် ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို သတိပြုနေပေးပါ။
ဘာကိုမှ ဝေဖန်ခြင်းမရှိဘဲ ဖြစ်တည်မှုအတိုင်းလေးပဲ စိတ်ထဲကနေ ခံစားသိရှိပေးပါ။
🔸အသက်ကို ဖြည်းဖြည်းရှူ ရှည်ရှည်ရှူ သက်တောင့်သက်သာရှူသွင်း
🔸 ဖြည်းဖြည်းရှူထုတ် ရှည်ရှည်ရှူထုတ် သက်တောင့်သက်သာနဲ့ လေကုန်အောင်ရှူထုတ်ပါ။
🔸ရှူထုတ်လိုက်တဲ့အခါတိုင်း မိမိရဲ့ စိတ်ပူပန်မှုတွေ၊ မောပန်းမှုတွေနဲ့ မလိုအပ်တဲ့ စွမ်းအင်အဟောင်းတွေကို စွန့်ထုတ်ပြီး ကျောက်ခဲလေးထဲကို ပေးလိုက်ပါ။
ကမ္ဘာမြေကြီးနဲ့ စွမ်းအင်တူတဲ့ ကျောက်ခဲလေးထဲမှာ သူ့အလိုလို ကြေပျက်သွား မယ်။ Healing ဖြစ်ပေါ်သွားပါလိမ့်မယ်။
🔸 တစ်ချိန်တည်းမှာပဲ ကမ္ဘာမြေကြီးရဲ့ ခိုင်မာတဲ့ တည်ငြိမ်မှု၊ အေးချမ်းမှု စွမ်းအင်တွေဟာ ဒီကျောက်ခဲလေးကတစ်ဆင့် မိမိရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ထဲသို့ အသက်ရှူသွင်းလိုက်တိုင်း စီးဝင်လာတယ်လို့ ခံစားကြည့်ပါ။ သိနေပေးပါ။
🔸ကျောက်တုံးလေးနဲ့ ထပ်တူ တသားထဲနေပါ။ (Oneness)
"ငါ့ရဲ့စိတ်ဟာလည်း ဒီကျောက်ခဲလေးလိုပဲ ခိုင်မာတည်ငြိမ်နေတယ် အေးချမ်းငြိမ်သက်နေတယ်" ဆိုတဲ့ အသိလေးနဲ့ ငြိမ်သက်မှုကို ခံစားပါ။
🔸အာရုံကို အသက်ရှူခြင်း နှင့် လက်ဖဝါးထဲကကျောက်တုံးလေး ဆီမှာပဲ ထားပါ။
Ancher စိတ်အာရုံ ချည်တိုင် ၂ ခု ရှိနေတဲ့သဘောပါ။
ချည်တိုင်တခုက အသက်ရှူခြင်း၊ ချည်တိုင်တခုက ကျောက်တုံးလေး ပါ။
စိတ်တွေ လွင့်ပျံသွားတိုင်း လက်ထဲက ကျောက်ခဲရဲ့ ခိုင်မာတဲ့ အထိအတွေ့ဆီသို့ စိတ်ကို အသာအယာ ပြန်ခေါ်လာပါ။
🔸 Gratitude ကျေးဇူးတင်ခြင်းဖြင့် တရားထိုင်ခြင်းကို အဆုံးသတ်ရပါမယ်။
မိမိကို လက်ရှိပစ္စုပ္ပန်မှာ တည်ငြိမ်အေးချမ်းစေခဲ့တဲ့၊ ကမ္ဘာမြေရဲ့ အေးချမ်းမှုကို ဆောင်ကြဉ်းပေးခဲ့တဲ့ ကျောက်ခဲလေးကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုပြီး တရားထိုင်ခြင်းကို အဆုံးသတ်ပါမယ်။
သဘာဝတရားရဲ့ စွမ်းအင်ကို ကျောက်တုံးလေးတခုမှတဆင့် ချိတ်ဆက်ရယူပြီး
စိတ်ကို တည်ငြိမ်စေတဲ့ အလွန်အစွမ်းထက်ပြီး ရိုးရှင်းလှတဲ့
Stone Meditation လေးကို Lotus Of Ra နှင့်အတူ အခုပဲ လုပ်ကြည့်လိုက်ကြပါစို့။


Comments