top of page
Search

Mindfulness ဆိုတာဘာလဲ


Mindfulness ဆိုတာ လက်ရှိ ရောက်နေတဲ့အချိန် လက်ရောက်နေတဲ့နေရာမှာ အခုဘာဖြစ်နေတာလဲ ဆိုတာကို အာရုံစိုက်ပြီး နေထိုင်ခြင်း တကယ်ရှိနေခြင်းပါ ပေါ်လာတဲ့အတွေး ဖြစ်နေတဲ့အတွေးတွေ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေ ကိုယ်ခန္ဓာနာတာ ကျင်တာ ညောင်းတာ အောင့်တာ နေလို့ကောင်းတာ နူးညံ့ဇိမ်ကျနေတာ စတာတွေကို သိနေမယ် ဘာဖြစ်နေနေ မိမိစိတ်ကိုနားလည်မယ် ခွင့်လွှတ်မယ် မိမိကိုယ်ကို ကြင်နာမယ် ဘာကိုမှလည်း မဝေဖန်ဘူး သိပဲသိနေမယ် လက်ခံနေမယ် အဲဒါလေးပါပဲ အရမ်းရိုးရှင်းပါတယ် ဒါပေမယ့် လုပ်နိုင်လေလေ အကျိုးတရားက နက်ရှိုင်းလေလေပါ Mindfulness ဆိုတာ အတွေးတွေ လုံးဝမရှိတာ မတွေးဘဲ အောင့်အည်းနေတာ မဟုတ်ပါဘူး အတွေးပေါ်လာတာကို သိနေတာ သိပြီး သတိနဲ့ လက်ခံပေးတာပါ ရွေ့နေတဲ့ တိမ်တွေ လိုပဲ ဘယ်အတွေးကမှ အတည်မရှိတာကို လက်ခံပေးလိုက်တာပါ စိတ်ကို မပျော်ပျော်အောင်လုပ်တာ တချိန်လုံး အကောင်းမြင်နေခိုင်းတာလည်း မဟုတ်ပါဘူး ကောင်းတာပဲမျှော်လင့်တာ မကောင်းတာကို မလိုချင်တာ လူ့သဘာဝပါ Mindfulness ဆိုတာ လူရယ်လို့ဖြစ်လာရင် ကြုံတွေ့ရတဲ့ ခံစားချက်ပေါင်းစုံကို မိမိကိုယ်ကို လက်ခံပေးလိုက်တာ နားလည်ပေးလိုက်တာပါ အဲဒီလို ပေါ်လာတာတွေကို သိနေတာ လက်ခံပေးလိုက်တာဟာ မိမိရဲ့ စိတ်အတက်အကျတွေကို ထိန်းနိုင်လာတယ် စိတ်ကို ပိုသန်မာလာစေပါတယ် Mindfulness ကို ကျင့်ကြံတဲ့သူဆိုတာ သူများထက်ပိုပြီး အကြားအမြင်ရတာ ပိုအစွမ်းရှိလာတို့ ဖြစ်လာတာမျိုး မဟုတ်ပါဘူး သူတပါးကို ဝေဖန်မစောတတ်သူ မယှဉ်ပြိုင်သူ အပြစ်မတင်တတ်သူ ဖြစ်လာတာပါ အဲဒါ သူတပါးအတွက်ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တော့ ကိုယ်အတွက်ပိုကောင်းသွားတာနော် Mindfulness ဆိုတာ ကိုယ့်အတွင်းစိတ်ကို ကိုယ်ပြန်ကြည့်တတ်လာတာ ကိုယ့်ရဲ့အတွေး မျှော်လင့်ချက် ယုံကြည်မှု အပြုအမူ တွေကို ဆန်းစစ်တတ်လာပြီး ဒါတွေ ဘာကြောင့်ဖြစ်ရလဲ ဆိုတာ နားလည်လိုက်တာ စိတ်ကို အနားသတ်ပေးထားတာပါ Mindfulness and Meditation ဆိုတာ ဘာသာရေး နဲ့လည်း မဆိုင်ပါဘူး ဒါပေမယ့် ဘာသာတိုင်းကို အကျိုးပြုပါတယ် ဘာသာတိုင်း လူမျိုးတိုင်း ယဉ်ကျေးမှု မတူလည်း တဦးကိုတဦး မေတ္တာထားပြီး သဘာဝအတိုင်း ဖြစ်တည်မှုတွေကို လက်ခံတတ်လာတာမျိုးပေါ့ မိမိယုံကြည်မှုကမှ အမှန်ဆိုပြီး သူတပါးကို လွှမ်းမိုးချင်တာလည်း မဖြစ်တော့ဘူး လူသားချင်းစာနာပြီး သဘာဝအတိုင်း အတူတူအေးချမ်းစွာနေထိုင်နိုင်ဖို့အထိ ပေးစွမ်းနိုင်တာလေ Mindfulness ဆိုတာ မိမိကိုယ်ကို သူတော်ကောင်းကြီးလို မြင်တာ မဟုတ်ဘူး အရှိကို အရှိအတိုင်း လက်ခံလိုက်တာပါပဲ အတင်း အကောင်းမြင် အတင်းဖြူစင် အတင်းသဘောတူခိုင်းတာ မဟုတ်ပါဘူး အခု လက်ရှိအချိန်မှာ ဘာပဲဖြစ်နေနေ ဖြစ်နေတာကိုသိမယ် လက်ခံမယ် သတိကပ်ပြီး လုပ်စရာရှိတာကို ခံစားချက်မလွန်ကဲဘဲ နားလည်မှုနဲ့ မေတ္တာနဲ့ ဆက်လုပ်တာပါပဲ Mindfulness ကို ကျင့်ကြံရာမှာ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ် လုပ်ပေးမယ့် Sessions တွေ လာ Join ကြဖို့လည်း ဖိတ်ခေါ်ပါတယ်နော်

 
 
 

Recent Posts

See All
🌎 အနာဂတ်ဆီက အသံနဲ့ ပစ္စုပ္ပန်ရဲ့ လက်ဆောင်

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ သာယာတဲ့သံစဉ်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။ သစ်တောတွေရဲ့ တိုးတိုးဖွဖွ ရေရွတ်သံ၊ မြစ်ရေတွေရဲ့ တသွင်သွင်စီးဆင်းသံတွေဟာ ကမ္ဘာကြီးရဲ့ သီချင်းတစ်ပုဒ

 
 
 
ပတ်ဝန်းကျင်ဖိအားတွေရဲ့အကြား စိတ်အကြည်ဓာတ် ကို ဘယ်လို ထိန်းမလဲ?

Inner Peace လို့ခေါ်တဲ့ စိတ်အကြည်ဓာတ်ကို မွေးဖွားနိုင်ဖို့ဆိုတာ လေ့လာမှတ်သားသင်ယူရတဲ့ ပညာ တခုလည်း ဖြစ်သလို၊ လက်တွေ့လုပ်ဆောင်နိုင်ရန် လေ့ကျင့်ရတဲ့ Skill အရည်အသွေး တခုလည်း ဖြစ်ပါတယ်။ စိတ်အကြည်ဓာတ်က အရေး

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page