top of page
Search

Mindful Eating (သတိကပ်ပြီး စားသုံးခြင်း)



Mindful Eating ဆိုတာ ကျန်းမာရေးအတွက်ရော စိတ်ချမ်းသာမှုအတွက်ပါ တကယ်ကို တန်ဖိုးရှိတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။


Mindful Eating (သတိရှိရှိ စားသုံးခြင်း) ဆိုတာ အစာစားနေတဲ့အချိန်မှာ မိမိရှေ့က အစားအစာရဲ့ အရသာ၊ အနံ့ နဲ့ အထိအတွေ့ အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ပြီး စားသုံးတာကို ဆိုလိုပါတယ်။


ဘယ်လို စားရမလဲ?


🥦5 Senses အာရုံငါးပါးကို အသုံးချပြီး အစားအစာရဲ့ အရောင်အဆင်း၊ အနံ့နဲ့ ပါးစပ်ထဲက အရသာနဲ့ အထိအတွေ့တွေကို သတိပြုပါ။

ဖြည်းဖြည်းချင်း ဝါးစားပါ။

🥬အခြားပြင်ပအာရုံများကို ဖယ်ရှားပါ။

စားနေစဉ် ဖုန်းသုံးခြင်း၊ အလုပ်လုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

🥕ဆာလောင်မှုကို အသေအချာ ခံစားကြည့်ပြီး သုံးသပ်ကြည့်ပါ။

တကယ်ဆာလို့ စားတာလား၊ စိတ်ဖိစီးလို့ စားတာလားဆိုတာကို ခွဲခြားသိမြင်အောင် ကြိုးစားပါ။

🥑ဒီအစားအစာက ဘယ်လိုအရသာရှိလဲ၊ ဝါးလိုက်တော့ ဘယ်လိုပုံပြောင်းသွားလဲ၊ ခံတွင်းရဲ့ဘယ်နေရာမှာ အရသာပိုရလဲ၊ ဝါးနေစဉ် အနံ့ရလား၊ မြိုချပြီးချိန် ခံတွင်းမှာ ကျန်နေဆဲအရသာက ဝါးနေစဉ်အရသာနဲ့ ဘယ်လိုကွာခြားလဲ စတာလေးတွေကို စိတ်ဝင်တစား ခံစားကြည့်ပါ။


Mindful Eating ရဲ့ ကောင်းကျိုးများ


🍊Mindful Eating က စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ပေးစွမ်းနိုင်ပါတယ်။


🍋အပြစ်တင်စိတ်ကို ကြင်နာမှုဖြင့် အစားထိုးနိုင်မယ်။

"ငါ အများကြီး စားမိပြန်ပြီ" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေအစား

ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်တဲ့စိတ်နဲ့ စားသုံးလာနိုင်မယ်။


🥭အစားအစာနဲ့ ပတ်သက်ပြီး အလောတကြီးစားချင်နေတာ၊ အတွေးတွေများ အာရုံတွေများနေတာထက် ဒီအစားအစာလေးကို ဒီအချိန်လေးကို စိတ်ဝင်တစား ခံစားမိလာတယ်။


🥒မိမိရဲ့ စားသောက်မှု ပုံစံအပေါ် အပြစ်တင်စိတ် အပြစ်မကင်းစိတ် မရှိနေတော့ဘဲ

အေးချမ်းပြည့်ဝကျေနပ်မှုရရှိစေတယ်။

အရင်ကထက် အစားအစာရဲ့ အရသာကို ပိုမို အပြည့်အဝ အရသာခံနိုင်လာတယ်။


🍑အာရုံစိုက်စားတဲ့အတွက် အစာနည်းနည်းနဲ့တင် ဗိုက်ဝမှုကို မြန်မြန်သိရှိစေပါတယ်။

ဦးနှောက်ထဲမှာ "ဗိုက်ဝပြီ" လို့ အချက်ပြတဲ့ Satiety Center (တင်းတိမ်ရောင့်ရဲမှု ဗဟိုဌာန) ဆိုတာ ရှိပါတယ်။ အစာအိမ်ထဲကို အစားအစာတွေ ရောက်သွားတဲ့အခါ ဦးနှောက်ဆီကို "ဝပြီ" ဆိုတဲ့ အချက်ပြစာလွှာ ပို့ဖို့အတွက် မိနစ် ၂၀ ခန့် ကြာတတ်ပါတယ်။

အလျင်စလို မြန်မြန်စားရင် ဦးနှောက်က "ဝပြီ" လို့ မသိသေးခင်မှာပဲ အစာတွေ အများကြီး စားမိသွားတတ်ပါတယ်။ ဖြည်းဖြည်းချင်း စားပေးမှသာ ဦးနှောက်က အချိန်မီ အချက်ပြနိုင်ပြီး အလွန်အကျွံ စားမိခြင်း (Overeating) ကို တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။


🍌မိမိစားနေတဲ့ အစားအစာရဲ့ စတင်စိုက်ပျိုးချိန်မှ ထုတ်လုပ်ချိန်၊ မိမိအရှေ့အထိရောက်ရှိချိန် ဖြစ်စဉ်အစအဆုံး၊ ထိုအစာကို ဝယ်ယူနိုင်စေခြင်းရဲ့ အကြောင်းရင်းမှာ ပါဝင်နေသောသူများ၊ထိုအစာနှင့် ပတ်သက်သောအရာအားလုံးအတွက် ကျေးဇူးတင်တတ်တဲ့ စိတ်ထားလေး ပေါ်ပေါက်လာစေပါတယ်။


🍅ရိုးရှင်းတဲ့ အစားအစာလေး ပဲ ဖြစ်နေရင်တောင် အပြည့်အဝ အာရုံစိုက်မယ်ဆိုရင် တကယ့်ကို ပြည့်စုံတဲ့ Mindful Eating ဖြစ်စေပြီး စိတ်ဖိစီးမှုတွေနဲ့ ကင်းဝေးနေမယ်။

မိမိကိုယ်ကို မိမိစိတ်ကို ပိုသိမြင်လာမယ်။

ကိုယ်ခန္ဓာရဲ့စကားကို ပိုနားထောင်တတ်လာပြီး ကိုယ်ခန္ဓာလိုအပ်ချက်အတိုင်း စားသုံးတတ်လာစေမယ်။


ဒီလို ထိရောက်တဲ့ အကျိုးကျေးဇူးလေးတွေကြောင့်ရယ်၊

အထူးတလည် အချိန်ရှာနေစရာမလိုဘဲ အစာစားချိန်မှာကိုပဲ Mindfulness ကို လုပ်နိုင်တာကြောင့်ရ

ယ် ဆိုတော့

Mindful Eating ကို အနည်းဆုံး တနေ့တကြိမ် တော့ လုပ်သင့်နေတာ အသေချာပဲပေါ့နော်။


 
 
 

Recent Posts

See All
🌎 အနာဂတ်ဆီက အသံနဲ့ ပစ္စုပ္ပန်ရဲ့ လက်ဆောင်

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ သာယာတဲ့သံစဉ်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။ သစ်တောတွေရဲ့ တိုးတိုးဖွဖွ ရေရွတ်သံ၊ မြစ်ရေတွေရဲ့ တသွင်သွင်စီးဆင်းသံတွေဟာ ကမ္ဘာကြီးရဲ့ သီချင်းတစ်ပုဒ

 
 
 
ပတ်ဝန်းကျင်ဖိအားတွေရဲ့အကြား စိတ်အကြည်ဓာတ် ကို ဘယ်လို ထိန်းမလဲ?

Inner Peace လို့ခေါ်တဲ့ စိတ်အကြည်ဓာတ်ကို မွေးဖွားနိုင်ဖို့ဆိုတာ လေ့လာမှတ်သားသင်ယူရတဲ့ ပညာ တခုလည်း ဖြစ်သလို၊ လက်တွေ့လုပ်ဆောင်နိုင်ရန် လေ့ကျင့်ရတဲ့ Skill အရည်အသွေး တခုလည်း ဖြစ်ပါတယ်။ စိတ်အကြည်ဓာတ်က အရေး

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page