top of page
Search

"Acceptance" ဆိုတဲ့ စိတ်ကလေး

အဲဒါလေးကို ချစ်စရာအကောင်းဆုံး ဘာသာပြန်ပေးရမယ်ဆို "ဘဝင်ကျတယ်" လို့ သုံးချင်တယ်။ ဘဝင်ကျတယ် ဆိုတာ သဘောကျတာ မဟုတ်သေးဘူးနော်။ ကော်ဖီကြိုက်သူက ကော်ဖီတခွက်ကို သေချာ အရသာခံတယ် ကျေနပ်သွားတယ်။ အဲလိုမျိုးနဲ့လည်း ဆင်ပေမယ့် မဟုတ်သေးဘူး။ ကောင်းတာရော ဆိုးတာရော အခြေအနေတခုကို လက်ခံပေးလိုက်တာ လို့ အဓိပ္ပါယ် ထပ်ဖွင့်ကြတယ်။ နည်းနည်းထပ်ဖြည့်ချင်မိတယ်။ Acceptance ဆိုတာ လက်ခံခြင်းလို့ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် သဘာဝတရားကို အတွေးသိမဟုတ်တဲ့ ခံစားသိစိတ်(ဉာဏ်သိ)ဖြင့် လက်ခံခြင်းလို့ ဖြည့်ပါရစေ။ ဘယ်လို သဘာဝလဲ? လောက သဘာဝ စိတ်ရဲ့သဘာဝ လူ့သဘာဝ သင့်ရဲ့ သဘာဝ ပါ။ ငါ့မှာ ဒီ အဖြစ်အပျက်ဖြစ်နေတယ်။ ငါဒီလိုခံစားနေရတယ်။ ငါဒီလိုတွေးမိလိုက်တယ်။ ငါ့ရင်ဝမှာ ပူလောင်မှုလေးတွေ့ရတယ်။ သေချာဆက်ကြည့်နေပေးပါ။ တဖြည်းဖြည်းနဲ့ ကိုယ့်မှာ ဒါလေးဖြစ်နေပါလားဆိုတာ လက်ခံသွားတယ်။ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီအဖြစ်အပျက် ငါ့မှာ ဖြစ်နေတယ်။ ဒါအမှန်တရားပဲ ဆိုတာကို Acceptance ရသွားတယ်။ အဲဒီမှာ ဇောလေးစကျတယ် အပူလေးစခွာသွားတယ် ဘဝင်လေးကျသွားတယ်။ ကောင်းတာလေးဆိုလည်း တွယ်ငြိစိတ်လေး ခွာထွက်သွားတတ်တယ်။ အမှန်ကို ပိုမြင်သွားတယ်။ လောက သဘာဝ ကို ပိုမြင်သွားတယ်။ ကိုယ့်အတွက်အကျိုးမရှိတဲ့ ခံစားချက်ကို အတွေးကို ဦးနှောက်ရော နှလုံးသားကပါ လွှတ်ချလို့ရသွားတယ် (Release)။ အဲဒီမှာ ဘဝကို ရှေ့ဆက်ဖို့ လမ်းမှန်ကိုပါမြင်ပါတယ်။ ACT လို့ခေါ်တဲ့ Acceptance and Commitment Therapy ကို အရမ်းကြိုက်တာ အဲဒါကြောင့်ပဲ။ ကိုယ့်နှလုံးသားရဲ့စကားကို ကိုယ့်ဦးနှောက်က ပြန်ကြားရလို့ကြိုက်တယ်။ ကိုယ့်ကိုယ်ကို ပြန်မြင်ပြီးမှ ဘဝင်ကျ လက်ခံလိုက်ရတာကို ကြိုက်တယ်။ Pain ကို ကြည့်တယ် (Observe)။ ကြည့်ရင်း သိလာတယ်။ အဲ့မှာ ဒီအရာဟာလည်း သဘာဝပါပဲ လို့ လက်ခံသွားတယ်။ လွှတ်ချလိုက်တယ်။ (အရှုံးပေးလိုက်တာမျိုး ဖြစ်သမျှအကြောင်းပေါ့ဆိုပြီးမတတ်နိုင်လို့လက်ခံပေးလိုက်ရတာမျိုးမဟုတ်ဘဲ ဉာဏ်အလင်းနဲ့ ဖယ်ခွာနိုင်ခြင်းကိုဆိုလိုတာပါ။) အဲဒီမှာ Healing ဖြစ်ပေါ်ပါတယ်။ တရားအကြောင်းပြောပြသလိုဖြစ်နေတာက တကယ်လည်း အရှေ့တိုင်းရဲ့ တရားဘဝနာဖြစ်တဲ့ Mindfulness လို့ခေါ်တဲ့ သတိပဌာန် အသိသတိနဲ့နေခြင်းကျင့်စဉ်တွေကနေ အခြေခံထားတဲ့ ကုထုံးဖြစ်နေလို့ပါပဲ။ Acceptance ဆိုတဲ့ စကားလုံးလှလှလေးကို နှလုံးသားကနေ မကြာခဏ မွေးဖွားနိုင်သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ထပ်သိချင်တယ် လေ့ကျင့်ချင်တယ်ဆိုရင် ကျမရဲ့ Program တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။


 
 
 

Recent Posts

See All
🌎 အနာဂတ်ဆီက အသံနဲ့ ပစ္စုပ္ပန်ရဲ့ လက်ဆောင်

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ သာယာတဲ့သံစဉ်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။ သစ်တောတွေရဲ့ တိုးတိုးဖွဖွ ရေရွတ်သံ၊ မြစ်ရေတွေရဲ့ တသွင်သွင်စီးဆင်းသံတွေဟာ ကမ္ဘာကြီးရဲ့ သီချင်းတစ်ပုဒ

 
 
 
ပတ်ဝန်းကျင်ဖိအားတွေရဲ့အကြား စိတ်အကြည်ဓာတ် ကို ဘယ်လို ထိန်းမလဲ?

Inner Peace လို့ခေါ်တဲ့ စိတ်အကြည်ဓာတ်ကို မွေးဖွားနိုင်ဖို့ဆိုတာ လေ့လာမှတ်သားသင်ယူရတဲ့ ပညာ တခုလည်း ဖြစ်သလို၊ လက်တွေ့လုပ်ဆောင်နိုင်ရန် လေ့ကျင့်ရတဲ့ Skill အရည်အသွေး တခုလည်း ဖြစ်ပါတယ်။ စိတ်အကြည်ဓာတ်က အရေး

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page