top of page
Search

"သဘာဝရဲ့ အသံကုထုံး"

ကျွန်တော်တို့ နေ့စဉ်ဘဝမှာ သတိမထားမိဘဲ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို သဘာဝတရားက ဘယ်လိုမျိုး တိတ်တဆိတ် ကုသပေးနေလဲဆိုတဲ့

တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့

"သဘာဝတရားရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အသံကုထုံး" အကြောင်းကို ပြောပြပေးချင်ပါတယ်။


စဉ်းစားကြည့်ရအောင်... .....🤔🤔🤔🤔


ကျွန်တော်တို့တွေ မနက်နိုးတာနဲ့ ဖုန်း Notification အသံတွေ ကြားရမယ်။

လမ်းမပေါ်ကထွက်တဲ့ ကားဟွန်းသံတွေ၊ စက်ရုံအလုပ်ရုံ သံတွေနဲ့ တစ်နေ့လုံး မွန်းကြပ်ပိတ်လှောင်နေကြရတယ် ဟုတ်?

ဒီအသံတွေက ရေရှည်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ စိတ်အာရုံကို တော်တော်လေး ပင်ပန်းနွမ်းနယ်စေတာပါ။ 🥴🥴🥴


ဒါပေမဲ့ ထူးဆန်းတာတစ်ခုက... ကျွန်တော်တို့ သစ်တောတစ်ခုခုထဲ ရောက်သွားလို့ပဲဖြစ်ဖြစ်၊ စမ်းချောင်းစီးသံ ဒါမှမဟုတ် ငှက်သံလေးတွေကို ကြားလိုက်ရရင် စိတ်က ချက်ချင်း အေးချမ်းသွားတတ်တယ်မလား?

ဒါက ရိုးရိုးလေးပေမယ့် သာမန်တော့ မဟုတ်ပါဘူး။

သိပ္ပံပညာအရရော၊ စွမ်းအင်ကုထုံးအရရော "Nature Sound Frequency" (သဘာဝအသံလှိုင်း ) လို့ ခေါ်တဲ့ အသံလှိုင်းအကြိမ်နှုန်းတွေက

ကျွန်တော်တို့ ဦးနှောက်ကို စနစ်တကျ ကုသပေးနေလို့ ဖြစ်ပါတယ်။😊😊😊😊


အဲဒီ သဘာဝအသံလှိုင်းကို အဓိကအားဖြင့် အပိုင်း (၃) ခု ခွဲလိုရပါတယ်။


"အနိမ့်ပိုင်း ကြိမ်နှုန်း" (Low Frequencies 1 Hz - 250 Hz)


ဒါကတော့ ကျွန်တော်တို့ ကြားရလေ့ရှိတဲ့ မိုးခြိမ်းသံ၊ လှိုင်းလုံးကြီးတွေ ရိုက်ခတ်သံ သို့မဟုတ် ရေတံခွန်ကြီးတွေက ထွက်တဲ့ အုန်းအုန်းမြည်သံတွေက အနိမ့်ပိုင်းအသံတွေပါ။

ဒီအသံတွေကို ကြားရင် မကြောက်ဘဲ စိတ်ထဲ လေးနက်တည်ငြိမ်သွားတတ်ကြပါတယ်။


ဘာလို့လည်းဆို့တော့ ဒီအသံတွေက ဦးနှောက်ကို ဒယ်လ်တာ (Delta) နဲ့ သီတာ (Theta) လှိုင်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

ဒါဟာ ကျွန်တော်တို့ တရားထိုင်နေချိန် ဒါမှမဟုတ် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေချိန်မှာ ထွက်တဲ့ ဦးနှောက်လှိုင်းတွေပါ။


Energy စွမ်းအင် (Chakra) ရှုထောင့်ကကြည့်ရင်လည်း ကျွန်တော်တို့ရဲ့ (Root Chakra) ကို တည်ငြိမ်စေပြီး ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးပါတယ်။

ကမ္ဘာမြေကြီးနဲ့ ပြန်လည်ချိတ်ဆက်မိသလို မြဲမြံတဲ့စွမ်းအင် (Grounding Energy) ကို ရစေတာမို့ ညဘက် အိပ်မပျော်တဲ့သူတွေအတွက် အကောင်းဆုံး ဆေးစွမ်းတစ်ခွက်ပါပဲ။


"အလယ်အလတ် ကြိမ်နှုန်း" (Mid Frequencies 250 Hz- 2000 Hz)


ဒါကတော့ တောတွင်းက စမ်းချောင်းလေးတွေ စီးဆင်းသံ၊

လေတိုက်လို့ သစ်ရွက်ချင်း ပွတ်တိုက်သံနဲ့ မိုးဖွဲဖွဲရွာသံ လို အသံမျိုးတွေပါ။


ဒီအသံတွေက ဦးနှောက်ကို အယ်လ်ဖာ (alpha) လှိုင်းထွက်တဲ့ အဆင့်ကို ရောက်စေပါတယ်။

အယ်လ်ဖာလှိုင်းရဲ့ အာနိသင်က လူကို ပစ္စုပ္ပန်တည့်တည့်မှာ ရှိနေစေပြီး အာရုံစူးစိုက်မှု အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါတယ်။


အထူးသဖြင့် ဆဲလ်တွေနဲ့ DNA ကို ပြန်လည်ပြုပြင်ပေးနိုင်တယ်လို့ ဆိုကြတဲ့ 432{ Hz} ဒါမှမဟုတ် 528{Hz} စွမ်းအင်လှိုင်းတွေက ဒီအပိုင်းအခြားထဲမှာ ရှိပါတယ်။

ဒါကြောင့်လည်း (Heart Chakra) ကို ပွင့်လန်းစေပြီး စိတ်ခံစားချက်ကို နူးညံ့စေပါတယ်။

အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် စာဖတ်တဲ့အခါ ဒီအသံတွေကို နောက်ခံဖွင့်ထားရင် အာရုံပိုစိုက်နိုင်တာ အရမ်းသိသာပါတယ်။


"အမြင့်ပိုင်း ကြိမ်နှုန်း" (High Frequencies 2000 Hz - 8000 Hz)


မနက်ခင်းမှာ ကြားရတဲ့ ငှက်ကလေးတွေရဲ့တေးဆိုသံ၊ ပုရစ်နဲ့ ပိုးကောင်လေးတွေ တောင်ပံခတ်သံ အော်သံမျိုးတွေပါ။


ဒီအသံတွေကတော့ ဦးနှောက်ရဲ့ ဘီတာ (beta) နဲ့ ဂမ်မာ (gamma) လှိုင်းတွေကို လှုံ့ဆော်ပေးပြီး လူကို ချက်ချင်း လန်းဆန်းနိုးထ သွားစေပါတယ်။


သုတေသနပြုချက်တွေအရလည်း မနက်ခင်း ငှက်အော်သံတွေကို နားထောင်ပေးတာဟာ စိတ်ကျဝေဒနာ (Depression) ကို လျော့ပါးစေပြီး တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ကို တက်စေတယ်လို့ ဆိုပါတယ်။


Energy စွမ်းအင်အရလည်း (Third Eye Chakra) ကို ပွင့်လန်းစေလို့ အသိဉာဏ်ကို ထက်မြက် စေပါတယ်။


ကဲ... နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့......


သဘာဝတရားကြီးအသံတွေ ဆိုတာ လူသားတွေအားလုံးအတွက် အခမဲ့ပေးထားတဲ့ အကောင်းဆုံး "အသံကုထုံး" (Nature Sound Therapy) ပါပဲ။ ကျွန်တော်တို့ စိတ်ပင်ပန်းလို့ သီချင်းတွေ နားထောင်တာထက် သဘာဝတရားရဲ့ စစ်မှန်တဲ့အသံတွေက စိတ်ဝိညာဉ်ကို ပိုပြီး ဟန်ချက်ညီစေပါတယ်။


ဒါကြောင့် အခွင့်အခါသင့်ရင် ဖုန်းတွေကို ခေတ္တပိတ်၊ ဒီဂျစ်တယ်ပစ္စည်းတွေကို ဘေးဖယ်ထားပြီး သဘာဝတောတောင်တွေထဲ သွားရောက် ခံစားကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။


တကယ်လို့ သွားဖို့ အခြေအနေမပေးရင်တောင် အခုခေတ်မှာ Natural Soundscapes အသံစစ်စစ်တွေကို နားကြပ်လေးနဲ့ ငြိမ်ငြိမ်လေး နားထောင်ပြီး မိမိတို့ရဲ့ စိတ်ခန္ဓာကို ပြန်လည်ပြုပြင် (Reset လုပ်) လို့ ရနေပါတယ်။


အားလုံးပဲ သဘာဝတရားရဲ့ သံစဉ်တွေကို နက်နက်ရှိုင်းရှိုင်း နားစွင့်ရင်း ပစ္စုပ္ပန်မှာ အေးချမ်းသာယာတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Lotus Of Ra မှ သဘာဝကြီးကို မြတ်နိုးသူတိုင်းအား ကျေးဇူးတင်ပါတယ်။ 🌱🩵


 
 
 

Recent Posts

See All
🌎 အနာဂတ်ဆီက အသံနဲ့ ပစ္စုပ္ပန်ရဲ့ လက်ဆောင်

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ ကမ္ဘာမြေဟာ သာယာတဲ့သံစဉ်တွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။ သစ်တောတွေရဲ့ တိုးတိုးဖွဖွ ရေရွတ်သံ၊ မြစ်ရေတွေရဲ့ တသွင်သွင်စီးဆင်းသံတွေဟာ ကမ္ဘာကြီးရဲ့ သီချင်းတစ်ပုဒ

 
 
 
ပတ်ဝန်းကျင်ဖိအားတွေရဲ့အကြား စိတ်အကြည်ဓာတ် ကို ဘယ်လို ထိန်းမလဲ?

Inner Peace လို့ခေါ်တဲ့ စိတ်အကြည်ဓာတ်ကို မွေးဖွားနိုင်ဖို့ဆိုတာ လေ့လာမှတ်သားသင်ယူရတဲ့ ပညာ တခုလည်း ဖြစ်သလို၊ လက်တွေ့လုပ်ဆောင်နိုင်ရန် လေ့ကျင့်ရတဲ့ Skill အရည်အသွေး တခုလည်း ဖြစ်ပါတယ်။ စိတ်အကြည်ဓာတ်က အရေး

 
 
 

Comments


Get in Touch

Your wellness journey begins here.

  • Facebook
  • Instagram
  • X
  • TikTok

Dr. Khai Mon Mindful Healing

© 2035 by Dr. Khai Mon Mindful Healing. Powered and secured by Wix

bottom of page